(၆)နှစ်တာလုံးလုံး မက်ခဲ့ရတဲ့အိမ်မက်တစ်ခုဖြစ်တဲ့ Miss Universe Mawlamyine 2023 မှာ Winner ဆုရရှိခဲ့လို့ အတိုင်းမသိပျော်ရွှင်နေတဲ့ ဒီး

The Model Academy 2019 ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ Dee ကတော့ အမိုက်စားရုပ်ရည်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ Dee က အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိလို့နေပြီပဲဖြစ်ပါတယ်။ အသစ်အဆန်းတွေကို အမြဲတမ်းစိန်ခေါ်လေ့ရှိတဲ့ ဒီးက ဒီကနေ့မှာလည်း ဒီ သူမအနေနဲ့ (၆) နှစ်တာ မက်ခဲ့ရတဲ့ အိပ်မက်လေး ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလို ဆိုပါ တယ်။

ဒီးက Miss Universe Mawlamyine 2023 မှာ Winner တစ်ယောက်ဖြစ်လာခဲ့ပြီး ထိုကနေတဆင့် Miss Universe Myanmar ပြိုင်ပွဲကို ဆက်လက်ပြီး ယှဉ်ပြိုင် သွားမှာပဲဖြစ်ပါတယ်။ ဒီးကတော့ သူမ အနေနဲ့ (၆) နှစ် လောက်မက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပြီလို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီးကတော့ ပထမအဆင့်ဖြစ်တဲ့ Miss Universe Mawlamyine 2023 မှာ Winner တစ်ယောက်ဖြစ်လာခဲ့ ပြီပဲဖြစ်ပါတယ်။ပရိသတ်ကြီး လည်း ဒီးကို Miss Universe Myanmar ပြိုင်ပွဲကြီးမှာ ဆက် လက်အားပေးပြီး ဝန်းရံပေးကြပါဦးနော်။

Credit