အေးခဲနေတဲ့ ရေခဲတောင်တွေရှိရာ ဆွစ်ဇာလန်နိုင်ငံရဲ့ နာမည်ကြီးနေရာကို သွားရောက်လည်ပတ်နေတဲ့ အမှတ်တရပုံတွေကို မျှဝေလာတဲ့ ညီညီမောင်




ပရိသတ်ကြီးရေနာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)က အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦးပါ ။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)က နောက်ပိုင်းမှာ မိတ်ကပ်ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင်လာတာလည်းတွေ့ရပါ တယ်။

ပရိသတ်တွေ ရယ်မောပျော်ရွှင်စေကာ ချစ်စရာကောင်းပြီး စိတ်ထားပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူများပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း တွေ့ရပါ တယ်နော်။

သူရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ဆွစ်ဇာလန်နိုင်ငံရဲ့ နာမည်ကြီးနေရာလေး ကို သွားရောက်လည်ပတ်ခဲ့တဲ့ အမှတ်တရပုံလေးတွေထုတ်ပြလာပါတယ် ။ ပရိသတ်ကြီးလည်း သုသုရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက် ပါ တယ် ။