ချစ်ဇနီးရဲ့ဗိုက်ထဲကရင်သွေးလေး သူအရမ်းကိုလိုချင်နေတဲ့ဘေဘီလေးဖြစ်နေလို့ မျက်ရည်ဝဲတဲ့အထိပျော်ရွှင်နေတဲ့ ကျော်ရှိန်း
သရုပ်ဆောင် ကျော်ရှိန်းကတော့ တချိန်က မိန်းကလေးပရိသတ်တွေ ကြား အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ကျော်ရှိန်းဟာ အနုပညာအလုပ်တွေကို ရပ်နားထားတာ အတော်ကြာခဲ့ပြီဖြစ်ပြီး စီးပွားရေး အလုပ်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေလျက်ရှိတာ ပဲဖြစ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ကျော်ရှိန်းဟာ မကြာခင်မှာလည်း ကလေးဖေဖေတစ်ယောက်ဖြစ်လာတော့မှာပဲဖြစ်ပါ တယ်။
ကျော်ရှိန်းရဲ့ချစ်ဇနီးကတော့ အခုဆိုရင် ကိုယ်ဝန်လွယ် ဆောင်ထားတာ သုံးလေကျော် လေးလရှိနေပြီဖြစ်ပြီး ကျော်ရှိန်းကတော့ သူ့ရဲ့ရင်သွေးလေးဟာ သားလေးမှန်း သိရလို ပြောမပြတတ်အောင်ဝမ်းသာကြောင်း “အစစအရာရာ ဂရုစိုက် ချစ်ပေးပြီး သားသားလေးကိုပါ မွေးပေးအုံးမှာတဲ့လေ…ဒီနေ့က ပျော်လွန်းလို မျက်ရည် တောင်ဝဲရတယ် “ ကမ္ဘာကြီးပေါ်က အကောင်းဆုံး တစ်ခုကို ပိုင်ဆိုင်ထားရသလို ပြည့်စုံလွန်းနေပါတယ်ချစ်တယ်နော် အများကြီ …..” ဆိုပြီး သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ကျော်ရှိန်းကတော့ သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးဟာ သားယောကျာ်းလေးဖြစ်တာကြောင့် ဖခင်တစ်ယောက် အနေနဲ့ တော်တော်လေး ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ် ပါတယ်။ ကျော်ရှိန်းရဲ့ဇနီးလေးလည်း သားလေးကို အခက်အခဲမရှိ အဆင်ပြေပြေမွေးဖွားနိုင်ပါစေလိုဆုတောင်းပေးလိုက်ပါတယ်နော်။
Credit
Credit