ကွယ်လွန်သွားတဲ့မောင်လေးဖြစ်သူဂျွန်ဂိုရဲ့ ဂုဏ်သိက္ခာအတွက် စံပယ်မိုးဆီကနေ တောင်းပန်မှုကို လေးလေးစားစားလက်ခံခဲ့တဲ့ သရုပ်ဆောင် မြသင်းချယ်
သရုပ်ဆောင်ဂျွန်ဂို ကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ အက်ရှင်ခန်းတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကိုအခိုင်အမာ ရရှိထားခဲ့တဲ့မင်းသားချောပဲဖြစ်ပါတယ်။သရုပ်ဆောင်ဂျွန်ဂိုဟာဆိုရင် ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အတွပးက်မိသားစုများနဲ့ ပရိတ်သတ်များကဝမ်းနည်းနေခဲ့ရပါတယ်နော်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဂျွန်ဂိုရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် စံပယ်မိုးဟာ ဂျွန်ဂိုနဲ့ ပတ်သက်ပြီး ဂျွန်ဂိုဟာ အရက် အလွန်အကျွံသောက်တာကြောင့် ကွယ်လွန်သွားခဲ့ရတာ ဖြစ်တယ်လို မီဒီယာတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ထို အကြောင်းနဲ့ပတ်သက်ပြီး ဂျွန်ဂိုရဲ့အစ်မရင်း သရုပ်ဆောင် မြသင်းချယ်က စံပယ်မိုးကို ပြန်လည် တောင်းပန်ဖြေရှင်းခိုင် းခဲ့ရာ စံပယ်မိုးက ပြန်လည် တောင်းပန်ခဲ့တယ်လို သိရပါတယ်။
မြသင်းချယ်က “မစံပါယ်မိုး ရဲ့တောင်းပန်စာကိုလေးစား စွာ လက်ခံပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ ပြန် တောင်းပန်ပါဆိုတဲ့အသုံးအနှုန်းကရင့်သီးသလိုဖြစ် ကောင်းဖြစ်ပါလိမ့်မယ်။ မရှိတော့တဲ့လူတယောက် အကြောင်းကို အဟောင်းတွေအသစ်ဖြစ်စေသလိုပြော နေတာလေးက မြင်ရတဲ့အမတယောက်အနေနဲ့ ရင်ထဲ မှာအရမ်းစိတ်ထိခိုက်ရပါတယ်ရှင့်။ ဒါကလဲကြုံဖူးမှသိ မှာမို မခံစားဖူးသူတွေသိနိုင်မယ့်ခံစားချက်မျိုးမဟုတ်ပါ ဘူးရှင်။ မားခြယ်တိုနဲ့ မစံပါယ်မိုးရဲ့ပါတ်သတ်မှုကို ကိုယ် တွေနီးစပ်တဲ့အသိုင်းအဝိုင်းကလူတွေသိကြပါတယ်။ မားခြယ်ကကိုယ့်ဟာကိုယ်အေးဆေးနေတက်တာလဲ မ စံပါယ်မိုး အသိပါ။ ကိုယ်တွေကအမုန်းမရှိခဲ့ပါဘူး။ မစံ ပါယ်မိုးအတွက် မားခြယ်အတွက် စိတ်အနှောက် အယှက်ဖြစ်ပေးနာပေးကြတဲ့သူတွေ စိတ်ချမ်းသာကြပါ တော့နော်။ မားခြယ်တိုနှစ်ယောက်အဆင်ပြေပါတယ် ရှင့်။ မားခြယ်ဘက်ကတင်ထားတာတွေလဲပြန်ဖျက် ပေးလိုက်ပါပြီရှင့်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ ပြောလာတာပဲဖြစ်ပါတယ်။
သရုပ်ဆောင် ဂျွန် ဂိုကတော့ အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ် ပြီး မြသင်းချယ်ကတော့ မောင်ဖြစ်သူနဲ့ပတ်သက်ပြီး အဟောင်းတွေ အသစ်မဖြစ်ချင်တော့တာကြောင့် ပရိသတ်တွေအထင်အမြင်လွဲမှားမှာဆိုးတဲ့အတွက် စံပယ်မိုးကို ပြန်လည်တောင်းပန်စေခဲ့တာပဲဖြစ်ပါတယ်။ စံပယ်မိုးကလည်း ဂျွန်ဂိုရဲ့အစ်မ မြသင်းချယ်ကို ပြန်လည်တောင်းပန်ခဲ့ပြီး အခုဆိုရင် နှစ်ယောက်သားရဲ့ ဆက်ဆံရေးကို အဆင်ပြေပြေရှိနေတယ်လို လည်းဆိုပါ တယ်။
Credit
ကွယ်လွန်သွားတဲ့မောင်လေးဖြစ်သူဂျွန်ဂိုရဲ့ ဂုဏ်သိက္ခာအတွက် စံပယ်မိုးဆီကနေ တောင်းပန်မှုကို လေးလေးစားစားလက်ခံခဲ့ တဲ့ မြသင်းချယ်
Credit