ကြည့်မိသူတိုင်းကိုမျက်ရည်ကျလောက်တဲ့အထိခံစားသွားစေရမယ့် သူမရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုပြသလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာလောကမှာ ဇာတ်ပို သရုပ်ဆောင်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဇာတ်ပိုတစ် ယောက်အဖြစ် အခက်အခဲတွေ အဆင်မပြေမှုတွေများ စွာကို ဖြတ်သန်းခဲ့ပြီးနောက်မှာ နှိင်းယှဉ်မြင့်မိုရ်ဟာ အကျိုးပေးကံကြောင့် အွန်လိုင်း Live Sale တွေ ရောင်းချပြီး အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ နှစ်အတော် ကြာခဲ့ပြီဖြစ်တဲ့ နှိင်းယှဉ်မြင့်မိုရ်ဟာ အခုဆိုရင် “ကျွန်မ ဇာတ်ပိုမ” ဆိုတဲ့ Documentary ဗီဒီယိုလေးနဲ့ ပြန်လည် လာခဲ့ပြီ ဖြစ်ပါတယ်။ နှိင်းယှဉ်မြင့်မိုရ်က သူမအနေနဲ့ ရုပ်ရှင်လောကထဲမှာ ဇာတ်ပိုသရုပ်ဆောင်တစ်ယောက် အနေနဲ့ ဖြတ်သန်းခဲ့စဉ်က မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ မန်နေဂျာ စတဲ့သူတွေဆီကနေ အမျိုးမျိုး အ အ နှိမ်ခံ၊ အနိုင်ကျင့်ခံရပြီး အလုပ်လုပ်ခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို သူမကိုယ်တိုင် ပြန်လည်ခံစား သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

နှိင်းယှဉ်မြင့်မိုရ်ရဲ့ “ကျွန်မဇာတ်ပိုမ” ဆိုတဲ့Documentary ဗီဒီယိုလေးကတော့ Trailer ဗီဒီယိုလေးနဲ့ တင် ပရိသတ်တွေ အုံးအုံးကြွပ်ကြွပ်အားပေးခြင်းခံနေရ ပရိသတ်တွေရဲ့ နှလုံးသားကို ရိုက်ခတ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နှိင်းယှဉ်မြင့်မိုရ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်း “ကျွန်မ ဇာတ်ပိုမ” Documentary ဗီဒီယိုလေးကို ဇွန်လ (၂၉) ရက်နေ့ LOVE TV မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး နော်။

Credit

သ႐ုပ္ေဆာင္ ႏွိင္းယွဥ္ျမင့္မိုရ္ကေတာ့ အႏုပညာေလာကမွာ ဇာတ္ပို သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ဇာတ္ပိုတစ္ ေယာက္အျဖစ္ အခက္အခဲေတြ အဆင္မေျပမႈေတြမ်ား စြာကို ျဖတ္သန္းခဲ့ၿပီးေနာက္မွာ ႏွိင္းယွဥ္ျမင့္မိုရ္ဟာ အက်ိဳးေပးကံေၾကာင့္ အြန္လိုင္း Live Sale ေတြ ေရာင္းခ်ၿပီး ေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးေနခဲ့တာ ႏွစ္အေတာ္ ၾကာခဲ့ၿပီျဖစ္တဲ့ ႏွိင္းယွဥ္ျမင့္မိုရ္ဟာ အခုဆိုရင္ “ကြၽန္မ ဇာတ္ပိုမ” ဆိုတဲ့ Documentary ဗီဒီယိုေလးနဲ႔ ျပန္လည္ လာခဲ့ၿပီ ျဖစ္ပါတယ္။ ႏွိင္းယွဥ္ျမင့္မိုရ္က သူမအေနနဲ႔ ႐ုပ္ရွင္ေလာကထဲမွာ ဇာတ္ပိုသ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ႔ ျဖတ္သန္းခဲ့စဥ္က မင္းသား၊ မင္းသမီး၊ ဒါ႐ိုက္တာ၊ မန္ေနဂ်ာ စတဲ့သူေတြဆီကေန အမ်ိဳးမ်ိဳး အ အ ႏွိမ္ခံ၊ အႏိုင္က်င့္ခံရၿပီး အလုပ္လုပ္ခဲ့ရတယ္ဆိုတဲ့ ျဖစ္ရပ္မွန္ကို သူမကိုယ္တိုင္ ျပန္လည္ခံစား သ႐ုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။

ႏွိင္းယွဥ္ျမင့္မိုရ္ရဲ႕ “ကြၽန္မဇာတ္ပိုမ” ဆိုတဲ့Documentary ဗီဒီယိုေလးကေတာ့ Trailer ဗီဒီယိုေလးနဲ႔ တင္ ပရိသတ္ေတြ အုံးအုံးႂကြပ္ႂကြပ္အားေပးျခင္းခံေနရ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို ႐ိုက္ခတ္ေစခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ႏွိင္းယွဥ္ျမင့္မိုရ္ရဲ႕ ျဖစ္ရပ္မွန္ဘဝဇာတ္ေၾကာင္း “ကြၽန္မ ဇာတ္ပိုမ” Documentary ဗီဒီယိုေလးကို ဇြန္လ (၂၉) ရက္ေန႔ LOVE TV မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါဦး ေနာ္။

Credit