Novotel Hotel မှာ ကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ အဓိကအကြောင်းအရင်းကိုပြောပြလာတဲ့ မျိုးကြီးနဲ့ ဝိုင်းဝိုင်း

ပရိတ်သတ်ကြီးရေ…Iron Cross အဖွဲ ရဲ့ တေးသံရှင်တွေဖြစ်ကြတဲ့ မျိုးကြီးနဲ့ ဝိုင်းဝိုင်းကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ ဝါရင့်အဆိုတော် ကြီးတွေပဲ ဖြစ်ကြပါတယ်။ မျိုးကြီးနဲ့ ဝိုင်းဝိုင်းတိုဟာ နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါအခြေအနေနဲ့ သူတိုရဲ့ ကိုယ်စီအကြောင်းကိစ္စအမျိုးမျိုးတိုကြောင့် သီချင်းမဆို ဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့မှာတော့ ဝိုင်းဝိုင်းနဲ့ မျိုး ကြီးတို နှစ်ယောက်ရဲ့ ဖျော်ဖြေပွဲကို ရန်ကုန်မြိုက Novotel ဟိုတယ်မှာ ကျင်းပမယ်လို ကြေငြာခဲ့ပြီး ဒီ 6 ကနေ့ ဇူလိုင်လ (၄) ရက်နေ့မှာတော့ အဆိုပါပွဲကို ဖျက်သိမ်းလိုက်ကြောင်း Novotel ဟိုတယ်က အသိပေး ထုတ်ပြန်ချက် ထုတ်ပြန်လာပါတယ်။ “A Night With Myo Gyi & Wine Wine” ပွဲ အားပြုလုပ်တော့မည် မဟုတ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ် ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူအားလုံးအား အနူးအညွှတ် တောင်းပန်အပ်ပါသည်။” ဆိုပြီး Novotel ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အတိအလင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။

မျိုးကြီးနဲ့ ဝိုင်းဝိုင်းတိုရဲ့ “A Night With Myo Gyi & Wine Wine” ကို ကျပ် (၂၅) သိန်းနဲ့ လက်မှတ်ရောင်းချ ထားတာဖြစ်ပြီး အဆိုပါလက်မှတ်မှာ လူ (၈) ယောက် စာ ဘီယာ၊ ဝိုင်နဲ့ အစားအသောက်တွေ အကန့်အသက်မ ရှိစားသုံးရမယ့် အစီအစဉ်ပါပါဝင်ထားတာပဲ ဖြစ်ပါ တယ်။

Credit




Credit