Miss Universe Amarapura ပွဲကြီးမှာ ဆုတစ်ခုကို မရရအောင်အစွမ်းကုန်ကြိုးစားပြီးရယူနိုင်ခဲ့တဲ့ သင်းသင်း

ပရိသတ်ကြီးရေ… သင်းသင်း ကတော့ အလှမယ်တစ်ယောက်အဖြစ်နဲ့ အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေ သီချင်း MV တွေပါ ရိုက်ကူးပေးကာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့သူပါ။ သင်းသင်း ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဉ် ကတည်းက အလှမယ်တစ်ယောက်အဖြစ်သာ ရပ်တ ခဲ့တာမို အခုလက်ရှိကျင်းပနေတဲ့ Miss Universe Amarapura ပြိုင်ပွဲမှာလည်း သူမရဲ့ ဒုတိယတကြိမ် ပြန်လည်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၉) ရက်နေ့မှာတော့ Miss Universe Amarapura ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် အမှတ်စဉ် (၁၁) နေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထိုပြိုင်ပွဲမှာ သင်းသင်းက Winner ဆုကြီးနဲ့ လွဲချော်ပြီး 1st Winner Up ဆုနဲ့ Miss Famous ဆုတိုကို သာ ရရှိ ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သင်းသင်းကတော့ Miss Universe Amarapura Winnerဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အကြိုက် နှစ်သက်ဆုံးဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သင်းသင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်ပြီး အားပေးဝန်းရံပေးကြပါဦးနော်။

Credit




Credit