ဖခင်ဖြစ်သူဟာ တစ်ချိန်တုန်းက ရုပ်ရှင်လောကမှာ နာမည်ကြီးမင်းသားတစ်ယောက်မှန်း သမီးလေးကမသိခဲ့ဘူးလို့ ပြောပြလာတဲ့ လင်းဇာနည်ဇော်

ဖခင်ဖြစ်သူဟာ တစ်ချိန်တုန်းက ရုပ်ရှင်လောကမှာ နာမည်ကြီးမင်းသားတစ်ယောက်မှန်း သမီးလေးကမသိခဲ့ဘူးလို့ ပြောပြလာတဲ့ လင်းဇာနည်ဇော်

တစ်ချိန်တုန်းက ပရိသတ်တွေကြားမှာ ရေပန်းစားကြိုက်များခဲ့တဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသားချောဖြစ်တဲ့ ရဲ ကိုကို ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပဲဖြစ်ပါတယ်။ မင်းသမီး လင်းဇာနည်ဇော်ဟာ မင်းသား ရဲကိုကိုနဲ့ရရှိ ထားတဲ့ ချစ်ဖိုကောင်းတဲ့သမီးချောလေးကိုပိုင်ဆိုင် ထားပါတယ်။ မင်းသား ရဲကိုကို နဲ့ လင်းဇာနည်ဇော် တိုရဲ့ သမီးလေး မြူလင်းကိုကို ဆိုရင်လည်း အရမ်းကို ချစ်စရာ ကောင်းလွန်းတာကြောင့်

ပရိသတ်တွေရဲ့ အားပေးမှု ချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူလေးတစ်ယောက်ပါ။ သူတို ဇနီးမောင်နှံနှစ်ဦးဟာ အိမ်ထောင်ရေး ကွာရှင်းခဲ့ရတဲ့အကြောင်းရင်းကို သေချာမသိရပေမယ့် သမီးလေးကို တစ်လှည့်စီစောက်ရှောက်တယ်လိုသိရ ပါတယ်။ မင်းသမီး လင်းဇာနည်ဇော် ဟာ ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကို နဲ့အတူ ဘဝကိုလျှောက်လှမ်းလျက်ရှိပါတယ်။ကိုယ့် အားကိုကိုး တတ်အောင် အသက် (၁၈) နှစ်မပြည့်သေး ခင်တည်းကသမီးဖြစ်သူကို နိုင်ငံရပ်ခြားမှာ ပညာသင် ဖိုစေလွှတ်ခဲ့တာပါ။

သူမဟာ သမီးဖြစ်သူကို အနုပညာလောကထဲ မဝင် စေဘဲ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးပဲ ဖြစ်စေ ချင်ပါတယ်တဲ့။သမီးဖြစ်သူ မြူလင်းကိုကိုက မိခင်ဖြစ်တဲ့ သူမကိုသာ မင်းသမီးမှန်းသိပြီးတော့ ဖခင်က အနုပညာလောက နဲ့ အဆက်အသွယ်ပြတ် သွားတာကြာပြီဖြစ်တဲ့ ဖခင်ကိုမင်းသားတစ်ဦးမှန်းမသိပါဘူး။ လင်းဇာနည်ဇော် ဟာ သမီးဖြစ်သူကို ဖခင်ဖြစ်သူနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာမျိုးမရှိတဲ့ အပြင် မိဘကျေးဇူးသိတတ်နားလည်အောင် ပြောပြ ပေးနေတာပဲ ဖြစ်ပါတယ်။ မင်းသမီး လင်းဇာနည်ဇော် နဲ့ ရဲကိုကို တိုရဲ့ သမီးဖြစ်သူ မြူလင်း ကိုကို ကတော့ လက်ရှိအချိန်မှာ သြစတြေးလျမှာ ပညာသင်ကြားနေတာ ပဲ ဖြစ်ပါတယ်။

Crd

Zawgyi





Crd