အမုန်းဇာတ်လမ်းတွဲမှာ အရမ်းအောင်မြင်ခဲ့ကြတဲ့ အနုပညာ ညီအစ်မ(၂)ဦးဖြစ်တဲ့ မိုးဟေကိုနဲ့ခင်ဝင့်ဝါ




Credit;

ပရိသတ်ကြီးရေ… ခင်ဝင့်ဝါ ကတော့ အလှမယ်ပြိုင်ပွဲတွေကနေတဆင့် အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့လပိုင်းကမှ “လှပ်၍လွင့်သော” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ခုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ ခင်ဝင့်ဝါဟာ “အမုန်း” ဇာတ်လမ်းတွဲက ယမုံအေး ဆိုတဲ့ ကာရိုက်တာ လေးနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါ တယ်။

မနေ့က ဇူလိုင်လ (၂၄) ရက်နေ့ မှာတော့ “အမုန်း” ဇာတ်လမ်းတွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲကို ပြုလုပ်ခဲ့ရာ အဆိုပါဇာတ်ကားရဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာ အပါအဝင် သရုပ်ဆောင်တွေ လည်း တက်ရောက်ခဲ့ပါတယ်။ မိုးဟေကိုနဲ့ ခင်ဝင့်ဝါတို့ ကလည်း “အမုန်း” ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် တွေအဖြစ် အဆိုပါပွဲကို အတူတူတက်ရောက်ခဲ့ပြီး ဓာတ်ပုံတွေအတူတူရိုက်ကူးခဲ့ကြတာကို အခုလိုပဲ တွေ့ ရပါတယ်။

ခင်ဝင့်ဝါနဲ့ မိုးဟေကိုတို့ကတော့ “အမုန်း” ဇာတ်လမ်း တွဲ မှာ အတူတူတွဲဖက်သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းမျိုးမ ရှိခဲ့ပေမယ့် ပရိသတ်တွေအားပေးမှုကိုတော့ ပူးတွဲရရှိခဲ့ တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ချစ်စရာကောင်းတဲ့ မင်းသမီးနှစ်ယောက်ရဲ့ ပုံရိပ် လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါ တယ်နော်။

Credit;