ရှိုးပွဲတစ်ခုမှာသီချင်းဆိုရင် မိန်းကလေးပရိတ်သတ်တွေက လက်ကိုအတင်းဆွဲထားတာကြောင့် လုံခြုံရေးခေါ်ပြီးတော့တောင် ဖြုတ်ခိုင်းခဲ့ရတဲ့ ရဲရင့်အောင်ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းမှာပါ အားလုံးရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူ တစ်ဦးကတော့ အဆိုတော် ရဲရင့်အောင်ပဲ ဖြစ်ပါတယ်နော်။ရဲရင့်အောင်ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်ကားတွေကို ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း နာမည်ရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လိုနေပြီပဲ ဖြစ်ပါတယ်။

ဇာတ်ကားတွေကို ရိုက်ကူးနေသလို သီချင်းတွေကို လည်း မြိုတွေအနှံအပြားမှာသီဆိုနေတဲ့ ရဲရင့်အောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမြိုမှာ သီချင်းဆို ဖျော်ဖြေပေးခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါရှိးပွဲမှာ ရဲရင့် အောင်ကိုချစ်တဲ့ ပရိသတ်တွေက လက်ဆွဲနှုတ်ဆက်ကြ ရင်း နောက်ဆုံး လက်ကိုပါမဖြုတ်ပေးကြတော့တာ ကြောင့် လုံခြုံရေးတွေကပါ ဝိုင်းဝန်းပြီးလက်ဖြုတ်ပေးခဲ့ ရတာကိုတွေ့ရပါတယ်။

ရဲရင့်အောင်ကတော့ သူ့ကိုချစ်လို လက်ဆွဲနှုတ်ဆက်ရင်း လက်မဖြုတ်ပေးကြတဲ့ ပရိသတ်တွေကို စိတ်မဆိုးတဲ့ အပြင် အပြစ်ဆိုစကားတစ်ခွန်းတောင် မပြောခဲ့တာကို လည်း ဗီဒီယိုလေးမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ရဲရင့်အောင်ရဲ့ ဗီဒီယို လေးကို ကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ် နော်။

Credit




Credit