ဇူလိုင်လ(၁၁)ရက်နေ့ရောက်ပြီဆိုတိုင်း ရင်နဲ့မဆံ့အောင်ခံစားနေရတဲ့ ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့အကြောင်း ပြောပြလာတဲ့ သားညီ

ပရိသတ်ကြီးရေ… မြန်မာ့ရုပ်ရှင် လောကရဲ့ ဘုရင်နှစ်ပါးဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းနဲ့ အကယ်ဒမီ ဒွေးတိုကတော့ ဦးလေးနဲ့တူ တော်စပ်ကြတဲ့ သွေးသားရင်းတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၁၁) ရက်နေ့ကတော့ ဒွေးကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် ဖြစ်သလို ကျော်ဟိန်း (ဦးကိတ္တိသာရ) ကွယ်လွန်ခြင်း (၃) နှစ်တိတိပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

ဒွေးရဲ့ညီအရင်းဖြစ်သူ သရုပ်ဆောင် ဒါရိုက်တာ သားညီ က ဒီကနေ့မှာ အစ်ကိုနဲ့ ဦးလေးကို သတိရတမ်းတခြင်း အကြောင်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါ တယ်။ သားညီက “1.7.2023. 16 နှစ် ရှိသွားပြီအစ်ကို !!အချိန်တွေတော်တော်ကြာသွားခဲ့ပြီ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် နည်းနည်းတော့ ခံနိုင်ရည်ရှိလာပါ ပြီ။ နေ့တိုင်း လွမ်းမနေတော့ဘူး။ နေ့တိုင်း ပူဆွေးမနေ တော့ဘူး။ အစ်ကို ရုပ်ရှင်ကာ၊တွေလာရင်

ခဏတစ်ဖြုတ် ရပ်ကြည့်နိုင်လာပြီ။ ရယ်စရာလေးတွေ ပါရင် လိုက်ရယ်နိုင်လာပြီ။ ကျွန်တော်တို အတူရိုက်ခဲ့တဲ့ ကားတွေဆို အဲ့ဒီအချိန်က အမှတ်တရ အဖြစ်အပျက် တွေ သူများတွေကို အေးအေးဆေးဆေးပြန်ပြောပြနိုင် နေပြီ။ ကားမောင်းသွားရင်း Radio က အစ်ကိုသိချင်း တွေလာရင် အရင်က ချက်ချင်းပိတ်ပစ်တတ်ပေမယ့် အခုဆို ခပ်တိုးတိုးလေး လိုက်ညည်းနိုင်လာပြီ။ အစ်ကို ကို စိတ်ထဲမှာ မရှိတော့တာ မဟုတ်ဘူးနော်။ အခြေအနေတစ်ခုကို တစ်ဖြေးဖြေး လက်ခံလာနိုင်တာ ပါ။ ဒါပေမယ့် ဒါဏ်ရာတွေနဲ့လဲကျပြီး ဘာဆက်လုပ်ရ မှန်းမသိပဲ လမ်းပျောက်နေတဲ့ အချိန်မျိုးတွေ ရုတ်တရက် တိုက်ဆိုင်မှု တစ်ခုခု ကြုံလာတဲ့ အခါမျိုး တွေဆိုရင်တော့ အစ်ကိုကို လွမ်းတဲ့စိတ်နဲ့ ကျွန်တော် ဟန်မဆောင်နိုင်ဘူး အစ်ကို အခုအချိန်အထိ ကလေး တစ်ယောက်လို ရှိက်ကြီးတငင် ငိုနေမိတုန်းပါပဲ။ လူဆို တော့လည်း ပျော့ညံ့မိတဲ့ အချိန်တွေရှိနိုင်တာပဲလေနော်။

အခုလည်း လွမ်းနေတယ် အစ်ကို !!! သား …. 11.7.2023… 3 နှစ် ရှိသွားပြီ !!! အဆူမခံရတာတော့ တော်တော်ကြာခဲ့ပါပြီ။ တခါတလေ အရမ်း မုန်းမိတယ်။ သွေးသားအရင်းဖြစ်ပြီး သူများတွေထက် ပို အဆူအဆဲခံခဲ့ရလိုလေ။ ဒါပေမယ့် အခုအချိန်မှာ တော့ အဲ့ဆူသံတွေပြန်ကြားချင်လည်းမရတော့ဘူး။ ကိုယ့်ကို သူများတွေထက် ပိုထူးချွန်စေချင်လို ပိုပြီးနာနာ ရိုက်ခဲ့တယ်ဆိုတာ ပိုနားလည်လာတယ်။ ဝမ်းလည်း နည်းလာတယ်။ ကျေးဇူးအရမ်းတင်ပေမယ့် ကျေးဇူးပါ လို ပြောခွင့်မရှိတော့ဘူး။ စိတ်ထဲကပဲ ရည်ရွယ်ပြီး သား အပြစ်တွေအတွက် ရှစ်ခိုးကန်တော့ တောင်းပန်ပါတယ် ဖိုးသဲ .. ဒီနေ့လေးမှာ ကျွန်တော် ကျေးဇူးရှင် နှစ် ယောက်အတွက် တတ်နိုင်သလောက်လေး ကုသိုလ်ပြု ပေးပါ့မယ်ရောက်ရာ ဘုံဘဝက သာဓု ခေါ်ကြပါနော် ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သားညီကတော့ အနုပညာမျိုးရိုးကြီးမားခဲ့သူတစ် ယောက်ဖြစ်ပြီး အစ်ကိုဖြစ်သူဒွေးနဲ့ ဦးလေးဖြစ်သူ ကျော်ဟိန်းတိုဆီက ပညာအမွေတွေအများကြီး လက်ဆင့်ကမ်းယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျော်ဟိန်းနဲ့ ဒွေးတိုလည်း ကျန်ရစ်သူမိသားစုတွေပြု ပေးတဲ့ ကုသိုလ်ကောင်းမှုကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနေလောက်ပြီထင်ပါတယ်နော်။

Credit

ပရိသတ္ႀကီးေရ… ျမန္မာ့႐ုပ္ရွင္ ေလာကရဲ႕ ဘုရင္ႏွစ္ပါးျဖစ္တဲ့ အကယ္ဒမီေက်ာ္ဟိန္းနဲ႔ အကယ္ဒမီ ေဒြးတိုကေတာ့ ဦးေလးနဲ႔တူ ေတာ္စပ္ၾကတဲ့ ေသြးသားရင္းေတြပဲ ျဖစ္ပါတယ္။ ဒီကေန႔ ဇူလိုင္လ (၁၁) ရက္ေန႔ကေတာ့ ေဒြးကြယ္လြန္ျခင္း (၁၆) ႏွစ္ျပည့္ ျဖစ္သလို ေက်ာ္ဟိန္း (ဦးကိတၱိသာရ) ကြယ္လြန္ျခင္း (၃) ႏွစ္တိတိျပည့္တဲ့ ေန႔ေလးပဲ ျဖစ္ပါတယ္။

ေဒြးရဲ႕ညီအရင္းျဖစ္သူ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ သားညီ က ဒီကေန႔မွာ အစ္ကိုနဲ႔ ဦးေလးကို သတိရတမ္းတျခင္း အေၾကာင္း သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါ တယ္။ သားညီက “1.7.2023. 16 ႏွစ္ ရွိသြားၿပီအစ္ကို !!အခ်ိန္ေတြေတာ္ေတာ္ၾကာသြားခဲ့ၿပီ။ အမွန္အတိုင္း ဝန္ခံရရင္ ကြၽန္ေတာ္ နည္းနည္းေတာ့ ခံႏိုင္ရည္ရွိလာပါ ၿပီ။ ေန႔တိုင္း လြမ္းမေနေတာ့ဘူး။ ေန႔တိုင္း ပူေဆြးမေန ေတာ့ဘူး။ အစ္ကို ႐ုပ္ရွင္ကာ၊ေတြလာရင္

ခဏတစ္ျဖဳတ္ ရပ္ၾကည့္ႏိုင္လာၿပီ။ ရယ္စရာေလးေတြ ပါရင္ လိုက္ရယ္ႏိုင္လာၿပီ။ ကြၽန္ေတာ္တို အတူ႐ိုက္ခဲ့တဲ့ ကားေတြဆို အဲ့ဒီအခ်ိန္က အမွတ္တရ အျဖစ္အပ်က္ ေတြ သူမ်ားေတြကို ေအးေအးေဆးေဆးျပန္ေျပာျပႏိုင္ ေနၿပီ။ ကားေမာင္းသြားရင္း Radio က အစ္ကိုသိခ်င္း ေတြလာရင္ အရင္က ခ်က္ခ်င္းပိတ္ပစ္တတ္ေပမယ့္ အခုဆို ခပ္တိုးတိုးေလး လိုက္ညည္းႏိုင္လာၿပီ။ အစ္ကို ကို စိတ္ထဲမွာ မရွိေတာ့တာ မဟုတ္ဘူးေနာ္။ အေျခအေနတစ္ခုကို တစ္ေျဖးေျဖး လက္ခံလာႏိုင္တာ ပါ။ ဒါေပမယ့္ ဒါဏ္ရာေတြနဲ႔လဲက်ၿပီး ဘာဆက္လုပ္ရ မွန္းမသိပဲ လမ္းေပ်ာက္ေနတဲ့ အခ်ိန္မ်ိဳးေတြ ႐ုတ္တရက္ တိုက္ဆိုင္မႈ တစ္ခုခု ႀကဳံလာတဲ့ အခါမ်ိဳး ေတြဆိုရင္ေတာ့ အစ္ကိုကို လြမ္းတဲ့စိတ္နဲ႔ ကြၽန္ေတာ္ ဟန္မေဆာင္ႏိုင္ဘူး အစ္ကို အခုအခ်ိန္အထိ ကေလး တစ္ေယာက္လို ရွိက္ႀကီးတငင္ ငိုေနမိတုန္းပါပဲ။ လူဆို ေတာ့လည္း ေပ်ာ့ညံ့မိတဲ့ အခ်ိန္ေတြရွိႏိုင္တာပဲေလေနာ္။

အခုလည္း လြမ္းေနတယ္ အစ္ကို !!! သား …. 11.7.2023… 3 ႏွစ္ ရွိသြားၿပီ !!! အဆူမခံရတာေတာ့ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ တခါတေလ အရမ္း မုန္းမိတယ္။ ေသြးသားအရင္းျဖစ္ၿပီး သူမ်ားေတြထက္ ပို အဆူအဆဲခံခဲ့ရလိုေလ။ ဒါေပမယ့္ အခုအခ်ိန္မွာ ေတာ့ အဲ့ဆူသံေတြျပန္ၾကားခ်င္လည္းမရေတာ့ဘူး။ ကိုယ့္ကို သူမ်ားေတြထက္ ပိုထူးခြၽန္ေစခ်င္လို ပိုၿပီးနာနာ ႐ိုက္ခဲ့တယ္ဆိုတာ ပိုနားလည္လာတယ္။ ဝမ္းလည္း နည္းလာတယ္။ ေက်းဇူးအရမ္းတင္ေပမယ့္ ေက်းဇူးပါ လို ေျပာခြင့္မရွိေတာ့ဘူး။ စိတ္ထဲကပဲ ရည္႐ြယ္ၿပီး သား အျပစ္ေတြအတြက္ ရွစ္ခိုးကန္ေတာ့ ေတာင္းပန္ပါတယ္ ဖိုးသဲ .. ဒီေန႔ေလးမွာ ကြၽန္ေတာ္ ေက်းဇူးရွင္ ႏွစ္ ေယာက္အတြက္ တတ္ႏိုင္သေလာက္ေလး ကုသိုလ္ျပဳ ေပးပါ့မယ္ေရာက္ရာ ဘုံဘဝက သာဓု ေခၚၾကပါေနာ္ ” ဆိုၿပီး ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

သားညီကေတာ့ အႏုပညာမ်ိဳး႐ိုးႀကီးမားခဲ့သူတစ္ ေယာက္ျဖစ္ၿပီး အစ္ကိုျဖစ္သူေဒြးနဲ႔ ဦးေလးျဖစ္သူ ေက်ာ္ဟိန္းတိုဆီက ပညာအေမြေတြအမ်ားႀကီး လက္ဆင့္ကမ္းယူႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ေက်ာ္ဟိန္းနဲ႔ ေဒြးတိုလည္း က်န္ရစ္သူမိသားစုေတြျပဳ ေပးတဲ့ ကုသိုလ္ေကာင္းမႈေၾကာင့္ ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာအနားယူေနေလာက္ၿပီထင္ပါတယ္ေနာ္။

Credit