နှိုင်းယှဉ်ရဲ့Live Sale မှာ ရွှေနားကွင်းလေးဝင်ပြီးအားပေးရင် နှိုင်းယှဉ်ဆီကထင်မှတ်မထားတဲ့ လက်ဆောင်တစ်ခုပြန်လည်ရရှိခဲ့တဲ့ အင်ကြင်း

သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ နှိင်းယှဉ်နဲ့ အင်ကြင်းတို ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် အတူတူကျင်လည်ခဲ့ကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါ တယ်။ လက်ရှိမှာတော့ နှိင်းယှဉ်မြင့်မိုရ် ရော အင်ကြင်း ရောက ဇာတ်ကားရိုက်ကူးမှုတွေထက် အွန်လိုင်း Live Sale ရောင်းချပေးတဲ့အလုပ်ကိုသာ လုပ်ကိုင်နေလျက်ရှိ တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အင်ကြင်းက သူငယ်ချင်းနှိင်းယှဉ်မြင့်မို ရ်ရဲ့ Live Sale မှာ ရွှေနားကွင်း ဝင်အားပေးရင်း နှိင်းယှဉ် ဆီက မထင်ထားတဲ့ လက်ဆောင် ပြန်လည်ရရှိခဲ့တယ် ဆိုပြီး ပြောပြလာပါတယ်။ အင်ကြင်းက “နှိင်းယှဉ်နဲ့ သီတာရွှေဆိုင် live မှာ အမှတ်တရအနေနဲ့ ကိုယ့် သူငယ်ချင်းလေးကို ဝင်အားပေးတာ။ သူက ကိုယ့် အတွက် မွေးနေ့လက်ဆောင် ပြန်ဝယ်ပေးသွားတယ် မွေးနေ့လက်ဆောင်လေးအတွက်ကျေးဇူးတင်ပါတယ် “ဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။

အင်ကြင်းကတော့ Live Sale ရောင်းနေတဲ့ သူငယ်ချင်း ကို ဝင်အားပေးဖို ရွှေနားကွင်းဝယ်ယူခဲ့ရာမှာ နှိင်းယှဉ်က အင်ကြင်းအတွက် မွေးနေ့လက်ဆောင်ဆိုပြီး ရွှေနား ကွင်းဖိုးကိုစိုက်ပေးပြီး ဝယ်ယူပေးခဲ့တာပဲဖြစ်ပါတယ်။ နှိင်းယှဉ်နဲ့ အင်ကြင်းတိုသူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ တကယ့်ကို အားကျစရာပါပဲနော်။

Credit




Credit