ပြန်လည်လွတ်မြောက်လာလာခြင်းမှာပဲ ချစ်ခင်ပွန်းရင်ခွင်လေးထဲကိုဝင်ပြီး အလွမ်းဖြေနေတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ… သရုပ်ဆောင် မြတ်သူသူကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ လူသိများ ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်သူသူဟာ ပြီးခဲ့တဲ့လအတွင်းမှာပဲ အိမ်ထောင်ကျသွားခဲ့ပြီး အိမ်ထောင်ကျပြီး လပိုင်းအနည်းငယ်မှာတင် နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဧပြီလအတွင်းက နိုင်ငံရေးပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ မြတ်သူသူဟာ မနေ့က ဇူလိုင်လ (၇) ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါ တယ်။ မြတ်သူသူဟာ ပြန်လည်လွတ်မြောက်လာတာနဲ့ ချစ်ခင်ပွန်းရဲ့ ရင်ခွင်လေးကိုခိုလှုရင်း အလွမ်းဖြေနေတာ လေးကို အခုလိုပဲ ဂရုဏာသက်စွာတွေ့ရပါတယ်။

မြတ်သူသူကတော့ ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ် ခဲ့ပြီးနောက် အခုဆိုရင် သူမ ချစ်တဲ့ မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မြတ်သူသူ အရင်လို အနုပညာအလုပ်တွေပြန်လုပ်တဲ့အခါ အားပေးဝန်းရံပေး ကြပါဦးနော်။

Credit




Credit