မကြာခင်မှာ ပရိတ်သတ်တွေရှေ့ကို သီချင်းအသစ်တွေနဲ့ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ကြောင်း အသိပေးလာတဲ့ တေးသံရှင် ရှင်ဖုန်း

ပရိသတ်ကြီးရေ… အဆိုတော် ရှင် ဖုန်းကတော့ အသံအေးအေးလေးနဲ့ သီချင်းကောင်းသီ ဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရှင် ဖုန်းဟာ အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူတစ် ယောက်ပီပီ သီချင်းကောင်းတွေသီဆိုတတ်တာမို သူမရဲ့ သီချင်းတွေဟာ ပရိသတ်တွေရဲ့ ကြားထဲမှာ ယနေ့အချိန် ထိ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံမှာ နေထိုင်နေလျက်ရှိတဲ့ ရှင် ဖုန်းဟာ သီချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက် နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ရှင်ဖုန်းက ဒီကနေ့မှာ တော့ သူမရဲ့ အနုပညာသူငယ်ချင်းဖြစ်တဲ့ အဆိုတော် Lလွန်းဝါ နေအိမ်ကို သွားဖြစ်ခဲ့ကြောင်း “သူငယ်ချင်းကြီး ရဲ့ Home studio သို အလည်တစ်ခေါက် သီချင်းတွေနဲ့ ဝေးနေတာကြာပေါ့” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါ တယ်။

ရှင်ဖုန်းကတော့ သူမရဲ့ သီချင်းသစ်တွေသီဆိုဖို သူငယ်ချင်း L လွန်းဝါရဲ့ အမေရိကန်နေအိမ်မှာရှိတဲ့ စတူဒီယိုမှာ အသံသွင်းခဲ့တယ်လို ဆိုပါတယ်။ ပရိသတ်ကြီးလည်း ရှင်ဖုန်းရဲ့ သီချင်း သစ်လေးကို စောင့်မျှော်နားဆင်ပေးကြပါဦးနော်။

Credt




Credt