လက်ရှိအိမ်လေးမှာ နေရထိုင်ရတာအဆင်မပြေဖြစ်နေတဲ့ မိခင်ဖြစ်သူကို အိမ်လေးတစ်လုံးဝယ်ပေးချင်တဲ့အကြောင်း ရင်ဖွင့်လာတဲ့ နန်းသူဇာ

ချစ်စရာကောင်းတဲ့ မော်ဒယ်နဲ့ အဆိုတော်တစ်ဦးဖြစ်သူ နန်းသူဇာ ၁ ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုပါ ခံရသူလေး ဖြစ်ပါ တယ်။ နန်းသူဇာက အနုပညာလောကမှာ နေရာတစ်နေရာ ရရှိ ထားပြီး အောင်မြင်မှု ရရှိနေသူလေးဆိုလည်း မမှားပါဘူး။ နန်း သူဇာက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေ ရင်း သူမရဲ့ ခင်ပွန်းဖြစ်သူ ကျော်ထွဋ်ဆွေနဲ့လည်း သာယာတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

နန်းသူဇာဟာ သူမရဲ့ မိဘတွေအတွက်လည်း အမြဲတမ်းစိုးရိမ်နေလျက်ရှိပြီး ဒီတစ်ခါမှာလည်း သူမရဲ့ မိခင်အတွက် နေအိမ်အသစ်လေးတစ်လုံးကို ဝယ်ပေး ချင်တဲ့အကြောင်း ရင်ဖွင့်လာပါတယ်။နန်းသူဇာက “လူကြီးတွေ ကျန်းကျန်းမာမာနေနိုင်ဖို အိမ် လေးတစ်လုံးလိုချင်မိတယ်။ ခုနေနေရတဲ့အိမ်က မားမား အတွက်လည်း အဆင်မပြေဘူး။ လှေကားကမြင့်၊ ဂ ကား သံနဲ့ ဖုတ်ထူတဲ့ဒဏ်တွေနဲ့ သနားပါတယ်။ ပိုက်ဆံစုမယ် ဆိုတိုင်းလည်း ပိုက်ဆံမပြည့်မီ သုံးသုံးလိုက်ရတယ်။

တစ်ခါတစ်လေတော့လည်း စိတ်အရမ်းပင်ပန်းတယ်။ ဝဋ်ကြွေးတွေကလည်း ကြီးလိုက်တာ” ဆိုပြီး သူမရဲ့ ဖေ့ စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။နန်းသူဇာကတော့ သူမရဲ့မေမေ့အတွက် နေရေးထိုင်ရေး အစစအရာရာအဆင်ပြေမယ့် အိမ်လေးတစ်လုံးကို ဝယ် ပေးချင်မိတယ်ဆိုပြီး ရင်ဖွင့်လာတာဖြစ်ပါတယ်။ နန်း သူဇာလိုချင်နေတဲ့ အိမ်အသစ်လေး အမြန်ဆုံး ရရှိ ပိုင်ဆိုင်နိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

ခ်စ္စရာေကာင္းတဲ့ ေမာ္ဒယ္နဲ႔ အဆိုေတာ္တစ္ဦးျဖစ္သူ နန္းသူဇာ ၁ ေယာက်ာ္းေလးပရိသတ္ေတြရဲ့ ဝန္းရံအားေပးျခင္းကိုသာမက မိန္းကေလးပရိသတ္ေတြရဲ့ အားေပးျခင္းကိုပါ ခံရသူေလး ျဖစ္ပါ တယ္။ နန္းသူဇာက အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိ ထားၿပီး ေအာင္ျမင္မႈ ရရွိေနသူေလးဆိုလည္း မမွားပါဘူး။ နန္း သူဇာက လက္ရွိမွာေတာ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေန ရင္း သူမရဲ့ ခင္ပြန္းျဖစ္သူ ေက်ာ္ထြဋ္ေဆြနဲ႔လည္း သာယာတဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ထားတာပဲျဖစ္ပါတယ္။

နန္းသူဇာဟာ သူမရဲ႕ မိဘေတြအတြက္လည္း အၿမဲတမ္းစိုးရိမ္ေနလ်က္ရွိၿပီး ဒီတစ္ခါမွာလည္း သူမရဲ႕ မိခင္အတြက္ ေနအိမ္အသစ္ေလးတစ္လုံးကို ဝယ္ေပး ခ်င္တဲ့အေၾကာင္း ရင္ဖြင့္လာပါတယ္။နန္းသူဇာက “လူႀကီးေတြ က်န္းက်န္းမာမာေနႏိုင္ဖို အိမ္ ေလးတစ္လုံးလိုခ်င္မိတယ္။ ခုေနေနရတဲ့အိမ္က မားမား အတြက္လည္း အဆင္မေျပဘူး။ ေလွကားကျမင့္၊ ဂ ကား သံနဲ႔ ဖုတ္ထူတဲ့ဒဏ္ေတြနဲ႔ သနားပါတယ္။ ပိုက္ဆံစုမယ္ ဆိုတိုင္းလည္း ပိုက္ဆံမျပည့္မီ သုံးသုံးလိုက္ရတယ္။

တစ္ခါတစ္ေလေတာ့လည္း စိတ္အရမ္းပင္ပန္းတယ္။ ဝဋ္ေႂကြးေတြကလည္း ႀကီးလိုက္တာ” ဆိုၿပီး သူမရဲ႕ ေဖ့ စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။နန္းသူဇာကေတာ့ သူမရဲ႕ေမေမ့အတြက္ ေနေရးထိုင္ေရး အစစအရာရာအဆင္ေျပမယ့္ အိမ္ေလးတစ္လုံးကို ဝယ္ ေပးခ်င္မိတယ္ဆိုၿပီး ရင္ဖြင့္လာတာျဖစ္ပါတယ္။ နန္း သူဇာလိုခ်င္ေနတဲ့ အိမ္အသစ္ေလး အျမန္ဆုံး ရရွိ ပိုင္ဆိုင္ႏိုင္ပါေစလို ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit