သူမရဲ့မွေးနေ့မှာ နာမည်ကြီးစိန်ရွှေရတနာဆိုင်ပိုင်ရှင်ဆီကနေ မထင်မှတ်ပဲ တန်ဖိုးကြီးတဲ့အရာတွေနဲ့Surprise တိုက်ခံလိုက်ရတဲ့ ထက်ထက်ထွန်း

ပရိသတ်ကြီးရေ… သရုပ်ဆောင် ထက်ထက်ထွန်းကတော့ အလှမယ်တစ်ယောက်အဖြစ် ကနေ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်လမ်းတွဲ တွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူတစ် ယောက်ပဲ ဖြစ်ပါတယ်။ ထက်ထက်ထွန်းဟာ လက်ရှိမှာ လည်း သူမရဲ့အအောင်မြင်ဆုံးအချိန်ကာလကိုရောက်ရှိ နေတာဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူတူ ရတနာ ဆိုင် Live Sale တွေကိုလည်း အချိန်ပေးပြီး ရောင်းချ ပေးနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၀) ရက်နေ့ကတော့ ထက်ထက်ထွန်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထက်ထက်ထွန်းက သူမရဲ့ မွေးနေ့မှာ ချစ်ခင်သူတွေဆီက အမှတ်တရဆုမွန် ကောင်းတွေအပြင် နာမည်ကြီး စိန်ရွှေရတနာဆိုင်ရဲ့ ပိုင်ရှင်ဆီကနေပါ Surprise တိုက်ခံခဲ့ရတယ်လို ပြော လာပါတယ်။ ထက်ထက်ထွန်းက “မနက်စောစော ထက် တောင်မနိုးသေးဘူး၊ သီတာစိန်ရွှေဆိုင် အန်တီသီတာက ဝီရိယအပြည့်နဲ့ လှလှလေးရောက်လာပြီး Surprise တိုက်သွားတယ် …ကျေးဇူးပါ ချစ်သော သီတာရေ” ဆို ပြီး သီတာစိန်ရွှေရတနာဆိုင် ပိုင်ရှင်က သူမအတွက် ငွေ ဆယ်သိန်း၊ စိန်နားကပ်တစ်ရံ၊ ပန်းစည်းတိုနဲ့ Surprise တိုက်ခဲ့တယ်လို ပြောလာပါတယ်။

ထက်ထက်ထွန်းကတော့ မွေးနေ့မှာ နာမည်ကြီးစိန်ရွှေရတနာဆိုင်ပိုင်ရှင်ဆီကနေ Surprise တိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းက စကားပြောသွက်လက် ပြီးပွင့်လင်းချစ်စရာကောင်းတာကြောင့် မြင်သူတွေ့သူတိုင်းက မချစ်ပဲနဲ့ကိုမနေနိုင်တဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။

Credit




Credit