ချွေးမဖြစ်သူ ခင်လွှမ်းကို သူမပိုင်ဆိုင်တဲ့ သိန်း(၂၅၀၀)တိုက်ခန်းကြီးပေးလိုက်ရလို့လုံးဝမနှမြောဘူးဆိုတဲ့ စည်ဖြိုးရဲ့မိခင်

စည်ဖြိုးနဲ့ ခင်လွမ်းကတော့ အနုပညာအလုပ်တစ်ဖက် စီပွါးရေးတစ်ဖက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပါတယ်။ စည် ဖြိုးနဲ့ ခင်လွမ်းရဲ့ အသည်းကျော်လေးဖြစ်တဲ့ သမီးလေးတစ်ယောက်လဲ ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးအမေဖြစ်သူ ဒေါ်သီသီဝင်းက ချွေးမဖြစ်သူ ခင်လွမ်းကို သိန်း၂၅၀၀၀တန် လုံးချင်းတိုက်ခန်းကို လက်ဆောင် အဖြစ်ပေးခဲ့တာဖြစ်ပါ တယ်။

စည်ဖြိုးအမေကတော့ ‘သူများတွေကတော့ထင်မှာ ဘဲ အရမ်းခမ်းနားတဲ့ တိုက်ခန်းကြီးဆိုပြီးတော့တကယ်တော့ အန်တီက ဒီတိုက်ခန်းတွေကို လွန်ခဲ့တဲ့ နှစ်၂၀လောက်ထဲကဝယ် ထားတာ တစ်ခန်းကို ၂၅သိန်းဘဲကျတယ် ပိုင်ရှင် ၂ယောက်စီကဝယ်ရတာပါ ဝယ် ပြီးတော့ စေတနာဆေးခန်းဆောက်ဖို ဒီတိုက်ခန်းကို သိန်း ၂၅၀၀၀ အကုန်ကျခံ ပြီးဆောက်ထားတာပါ ဒါကို စည်ဖြိုးအဖေက စည်ဖြိုး ကို ဒီတိုက်ခန်းကိုပေးပြီး စီး ပွါးရေးလုပ်စေချင်တယ်ဆိုပြီးပြောလာလိုပေးလိုက်တာပါ

အန်တီပြောပြချင်တာက မိဘတိုင်းရဲ့ အရိပ်က အင်မတန်ကြီးပါတယ် မိဘအရိပ်လောက်ကြီးတဲ့ အရိပ်က ဘယ်သူမှယှဉ်လိုမရဘူးအန်တီက ပိုက်ဆံရှိနေလို ပြေလည်နေလို ပြောတာမဟုတ်ပါဘူး ဆင်းရဲတဲ့ မိဘ အရိပ်တွေလဲ အင်မတန်ကြီးပါတယ် ခင်လွမ်းက အန်တီအတွက်တစ်စိမ်းပါ တစ် စိမ်းအချင်းချင်းပေါင်းဖက်ပေမယ့် အန်တီကမေတ္တာပေးပြီး သမီးလေးလိုဘဲချစ်ပါ တယ် အန်တီဒီ တိုက်ခန်း ကို ပေးလိုက်ရလိုမနှမျောပါဘူး’ လိုမျှဝေလာပါတယ်။ စည်ဖြိုးနဲ့ ခင်လွမ်းတို မိသားစုလဲ သာယာချမ်းမြေ့ကြံပါစေလိုဆုတောင်းပေးလိုက်ပါတယ်နော်

Credit