၅၀၅ (က) နှင့် အမှုဖွင့်အရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ဒီကနေ့မှာ ပြန်လည်လွတ်မြောက်

အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ၊ မြတ်သူသူနဲ့ မေလ သံစဉ်တိုကတော့ သူတိုကျင်လည်ရာနယ်ပယ်ကိုယ်စီမှာ အသီးသီး နာမည်ရအောင်မြင်သူတွေဖြစ်ကြပါတယ်။ မေပန်းချီကလည်း ရုပ်ရှင်နဲ့ ဗီဒီယိုမင်းသမီးအဖြစ် အောင်မြင်သလို ရွှေရည်သိန်းတန်ဟာလည်း မြန်မာ သံစဉ်တေးသံရှင်အဖြစ် မြတ်သူသူကလည်း ဇာတ်လမ်းတွဲမင်းသမီးအဖြစ် မေလသံစဉ်ကလည်း အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားကြသူတွေဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာတော့ ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ ပြီး ခဲ့တဲ့ ဧပြီလက ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့် တရားစွဲအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်း တန်၊ မြတ်သူသူနဲ့ မေလသံစဉ်တိုဟာ လွတ်မြောက်လာ ကြပြီဖြစ်ပြီး သူတိုရဲ့ နေအိမ်အသီးသီးကို ပြန်လည် ရောက်ရှိနေကြပြီလို သိရပါတယ်။

မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ် တိုရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေရော ပရိသတ်တွေကပါ အဆိုပါသတင်းကောင်းအတွက် ထပ်တူဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

Credit




Credit