အိမ်ထောင်သက်တမ်း ၄ နှစ်နဲ့ ၈ လပြည့်တဲ့နေ့လေးမှာ နှစ်ယောက်တည်း ညစာစားရင်းရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုရတီတိုကတော့ သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူပုံဖော်ထားကြသလို အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။ ရွှေထူးနဲ့ ရွှေမှုရတီဟာ ပြီးခဲ့တဲ့လတွေမှာလည်း အကယ်ဒမီထူးချွန်ဆုကြီးကို အသီးသီးရရှိပိုင်ဆိုင်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်ကို အတူတူစိုက်ထူနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၁၁) ရက်နေ့ကတော့ ရွှေထူးနဲ့ ရွှေမှု ရတီတို ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း ၄ နှစ်နဲ့ ၈ လပြည့်နေ့လေးလို သိရပါတယ်။ ရွှေထူးနဲ့ ရွှေမှုရတီတို ဇနီးမောင်နှံက သူမတိုနှစ်ယောက်ရဲ့ Anniversaryနေ့ လေးကို ဆိုင်ကောင်းကောင်းတစ်ခုမှာ ညစာအတူတူစား ရင်း အေးအေးဆေးဆေးလေးဖြတ်သန်းခဲ့တာကို တွေ့ရ ပါတယ်။

ရွှေထူးနဲ့ ရွှေမှုရတီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ငွေမှုရတီနဲ့ အတူတူ “ဆွေး” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားပြီး ပွဲတက်တွေလည်း အတူတူတက်ရောက်ပေးဖြစ်နေတာ ပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးက လည်း ရွှေနှစ်ရွှေရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်အားပေးပေးကြပါဦးနော်။

Credit




Credit