အိပ်ရေးတွေအပျက်လွန်ပြီး ပရိတ်သတ်တွေခွင့်မလွှတ်နိုင်လောက်တဲ့အမှားတစ်ခုကို ကျူးလွန်မိလို့ တောင်းပန် စကားဆိုလိုက်တဲ့ မူးလာ

ပရိသတ်ကြီးရေ… ကရင် တိုင်းရင်းသားလေး မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်းနဲ့ လူသိများ အောင်မြင်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မူးလာ ဟာ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အဆိုတော်လမ်းကြောင်း ပေါ်ကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လွတ်မြောက် နယ်မြေမှာခိုလှုနေတဲ့ မူးလာဟာ ဒီကနေ့မှာတော့ စိတ် ပင်ပန်း လူပင်ပန်းတာကြောင့် မပြောသင့်တဲ့စကားမျိုး ကိုပြောမိကြောင်း တောင်းပန်လာပါတယ်။

မူးလာက “အားလုံးကိုတောင်းပန်ပါတယ်ဗျာ။ အိပ်ရေး အပျက်လွန်ပြီးကျွန်တော် မမှန်သောတရားများကို လျောက်ပြောမိတဲ့အတွက် တကယ်ကိုအရှက်ကြီးစွာ ရရှိပါတယ်။ကောင်းကောင်းအနားယူပါရစေ ဘယ်ဟာ အမှန်ဘယ်ဟာအမှားဆိုတာ ခွဲခြားနိုင်စွမ်းအားနည်းခဲ့ တယ်ဗျာတဆူတည်းသော ဘုရား၏အဆုံးအမများကို နေ့ရက်စဉ်တိုင်းကျင့်သုံးကာထာဝရဘုရား၏ထိုက်တန်သော လူဖြစ်အောသ် ဆက်လက်ကျင့်ကြံနေထိုင်လိုက်လျောက်ပါ့မယ်လို ကတိပေးပါတယ်ဗျာ ခွင့်လွတ်ပေးကြပါ။ တကယ်ကို ရှက်မိပါတယ်ဗျာ။ ဘဝမှာဒီလောက်အရှက်ရတဲ့ လုပ်ရပ်မျိုး ကိုအသေအလဲကြောက်သွားခဲ့ပြီဗျာ။

ဒီ တောင်းပန်စကားကို လူများကိုမျှဝေပေးပါနော်” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။မူးလာကတော့ အိပ်ရေးတွေအပျက်လွန်ပြီး မဟုတ်မမှန် တဲ့စကားကိုပြောမိတဲ့အတွက် အရမ်းကိုရှက်ခဲ့ရတယ် ဆိုကာ တောင်းပန်ခဲ့ပါတယ်။ ချစ်ပရိသတ်တွေကလည်း မူးလာရဲ့ အမှားလေးကို နားလည်ခွင့်လွှတ်ပေးမယ်လို မျှော်လင့်ပါတယ်နော်။

Credit




Credit