အလှမယ်သင်းသင်းရဲ့မွေးနေ့မှာ သီချင်းဆိုဖို့တောင်းဆိုခံခဲ့ရတဲ့ မြေးလေးပိုးပိုးရဲ့ဗီဒီယိုလေးကို ပြသလာတဲ့ ရေမွန်ရဲ့မိခင်

ပရိသတ်ကြီးရေ… စတူဒီယို တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ခင်မြတ်မွန်ကတော့ သူမကိုယ်တိုင်လည်း ဂီတကို ရူးရူးမူးမူးဝါသနာပါခဲ့ သလို သူမရဲ့ သားဖြစ်တဲ့ ရေမွန်ကလည်း (၈)တန်း ကျောင်းသားအရွယ်ကနေ သီချင်းတွေကို သီဆိုခဲ့ရာ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာပဲ ဖြစ် ပါတယ်။ ဒါ့အပြင် ခင်မြတ်မွန်ရဲ့ သမီးငယ် လပြည့် ကဗျာကလည်း သီချင်းတွေကိုသီဆိုခဲ့ပြီး အခုဆိုရင် မြေးဖြစ်သူကပါ သီချင်းဆိုတာကို ဝါသနာပါနေပြီလို ခင်မြတ်မွန်ကပြောလာပါတယ်။

ခင်မြတ်မွန်က အလှမယ်သင်းသင်းရဲ့ မွေးနေ့ပွဲမှာ သီချင်းဆိုဖျော်ဖြေပေးရင်း မြေးဖြစ်သူကလည်း သီချင်းဆိုချင်တယ်လိုတောင်းဆိုတာကြောင့် မြေးလေး နဲ့ တွဲဖက်ပြီး အတူတူ သီချင်းဆိုခဲ့ရတယ်လို ဆိုပါတယ်။ ခင်မြတ်မွန်က မြေးလေးပိုးပိုးနဲ့အတူတူ သီချင်းဆိုခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေကာ “ဘမျိုး ဘိုးတူ.. The very first experience of Po Poe On stage with Grand ma … ” ဆိုပြီး ပြသလာပါတယ်။

ခင်မြတ်မွန်ကတော့ သားသမီးတွေအလှည့်မှာ ဂီတနဲ့ ပတ်သက်ပြီး အများကြီးထောက်ပံ့သင်ကြားပေးခဲ့သလို မြေးလေးကိုလည်း သင်ကြားပေးရဦးမယ်ဆိုတာ မလွဲမသွေပါပဲ။ ပိုးပိုးလေးကလည်း အဖွား၊ ဦးလေးနဲ့ မေမေတိုလို ဂီတနယ်ပယ်မှာ ကျင်လည်ဖြတ်သန်းဦးမ လားဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

Credit

ပရိသတ္ႀကီးေရ… စတူဒီယို ေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ ခင္ျမတ္မြန္ကေတာ့ သူမကိုယ္တိုင္လည္း ဂီတကို ႐ူး႐ူးမူးမူးဝါသနာပါခဲ့ သလို သူမရဲ႕ သားျဖစ္တဲ့ ေရမြန္ကလည္း (၈)တန္း ေက်ာင္းသားအ႐ြယ္ကေန သီခ်င္းေတြကို သီဆိုခဲ့ရာ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္လာခဲ့တာပဲ ျဖစ္ ပါတယ္။ ဒါ့အျပင္ ခင္ျမတ္မြန္ရဲ႕ သမီးငယ္ လျပည့္ ကဗ်ာကလည္း သီခ်င္းေတြကိုသီဆိုခဲ့ၿပီး အခုဆိုရင္ ေျမးျဖစ္သူကပါ သီခ်င္းဆိုတာကို ဝါသနာပါေနၿပီလို ခင္ျမတ္မြန္ကေျပာလာပါတယ္။

ခင္ျမတ္မြန္က အလွမယ္သင္းသင္းရဲ႕ ေမြးေန႔ပြဲမွာ သီခ်င္းဆိုေဖ်ာ္ေျဖေပးရင္း ေျမးျဖစ္သူကလည္း သီခ်င္းဆိုခ်င္တယ္လိုေတာင္းဆိုတာေၾကာင့္ ေျမးေလး နဲ႔ တြဲဖက္ၿပီး အတူတူ သီခ်င္းဆိုခဲ့ရတယ္လို ဆိုပါတယ္။ ခင္ျမတ္မြန္က ေျမးေလးပိုးပိုးနဲ႔အတူတူ သီခ်င္းဆိုခဲ့တဲ့ အမွတ္တရဗီဒီယိုေလးကို မွ်ေဝကာ “ဘမ်ိဳး ဘိုးတူ.. The very first experience of Po Poe On stage with Grand ma … ” ဆိုၿပီး ျပသလာပါတယ္။

ခင္ျမတ္မြန္ကေတာ့ သားသမီးေတြအလွည့္မွာ ဂီတနဲ႔ ပတ္သက္ၿပီး အမ်ားႀကီးေထာက္ပံ့သင္ၾကားေပးခဲ့သလို ေျမးေလးကိုလည္း သင္ၾကားေပးရဦးမယ္ဆိုတာ မလြဲမေသြပါပဲ။ ပိုးပိုးေလးကလည္း အဖြား၊ ဦးေလးနဲ႔ ေမေမတိုလို ဂီတနယ္ပယ္မွာ က်င္လည္ျဖတ္သန္းဦးမ လားဆိုတာ စိတ္ဝင္စားစရာပါပဲေနာ္။

Credit