အရင်လို ဝင်ငွေမရှိတော့သိန်းဆယ်ချီတန်ဆံပင်ကောက်ဆက်ကိုဝယ်ဖို့စဉ်းစားနေရတဲ့အချိန် ချစ်ရတဲ့သူတစ်ယောက်က ဝယ်ပေးခဲ့လို့ အရမ်းပျော်နေတဲ့ ဖွေးဖွေး

ပရိသတ်အချစ်တော် ဖွေးဖွေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးထားသူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ‘ဖွေး ဖွေးက သူမအရမ်းလိုချင်နေတဲ့ သိန်းဆယ်ချီတန် ဆံပင်ကောက်စက်ကို လက်ဆောင်ပေးလို အရမ်းပျော်မိကြောင်းပြောပြလာတာဖြစ်ပါတယ်။

ဖွေးဖွေး ကတော့ “ အလုပ်နားထားတာကြာသွားတော့ ဝယ်သင့်မဝယ်သင့် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာ လုံးဝထင်မထားပဲ စပရိုက်တိုက်ခံရတော့ မျက်ရည်တောင်ဝဲရတယ် ၊အမ တိုကို အရမ်းးးး ချစ်တာထက်ပိုပါတယ် ၁၀ စုနှစ်တခုထက်ပိုတဲ့ သံယောဇဉ် တွေနဲ့ ဖွေးရဲ့ မိသားစုရေး အချစ်ရေး လူမှုရေး ရင်ဖွင့်ဖော် ဖွေးဘဝ ရဲ့ Life Goal သေးသေးလေးက အစ Achievement အကြီးကြီးတွေအထိ အမြဲအမတိုပါဝင် ပေးခဲ့ကြတာတွေအတွက်လဲကျေးဇူးစင်္ကြာဝဠာ တင်ပါတယ် နော်

ဆိုးရင်လဲခွင့် လွှတ်ပေးခဲ့လိုအရမ်းးးးအနုပညာအလုပ်တွေ နားဖြစ်ခဲ့ရင်တောင်မှ ဆက်ချစ် ဆက်အလှအပတွေ တူတူ လုပ်ပြီး တယောက်ကိုတယောက် ပံ့ပိုးတန်ဖိုးထားသွားမယ်လို’ လိုမျှဝေလာတာဖြစ် ပါတယ်။ ဖွေးဖွေးလဲ အလုပ်တွေအများကြီး ပြန်လည်လုပ်ကိုင်နိုင်ပါစေလိုဆုတောင်းပေးလိုက်ပါတယ်။

Credit




Credit