အနုပညာအလုပ်အသစ်တွေ ကိုယ်တိုင်ဖန်တီးဖို့ ဒါရိုက်တာသင်တန်းတတ်ရောက်ဦးမယ်ဆိုတဲ့ လမင်းကဗျာ

အနုပညာအလုပ်အသစ်တွေ ကိုယ်တိုင်ဖန်တီးဖို့ ဒါရိုက်တာသင်တန်းတတ်ရောက်ဦးမယ်ဆိုတဲ့ လမင်းကဗျာ

ပရိသတ်ကြီးရေ လမင်းကဗျာကတော့ ဇာတ်ပိုဇာတ်ရံသရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောက မှာ အချိန်အကြာကြီးရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတေ့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလေး ကို ပိုမို အသားပေးလုပ်ကိုင်နေခဲ့ပါတယ်။ လမင်းကဗျာဟာ လက်ရှိ မှာ DJ Moon လိုလည်း နာမည်ပြောင်းကာ DJ Artist တစ်ယောက် အနေနဲ့လည်း ရပ်တည်နေခဲ့ပြီး အောင်မြင်မှုတွေရရှိနေတယ်လိုပဲ ဆိုရမှာပါပဲနော်။လမင်းကဗျာဟာ သူမရဲ့တစ်နေ့တာလှုပ်ရှားမှုလေး တွေကို အမြဲမျှဝေပေးလေ့ရှိသူဖြစ်ပြီး အခုတစ်ခါမှာတော့ ကလပ် တွေမှာမဟုတ်ပဲ နယ်ပွဲတွေမှာ ဒီဂျေတီးဖျော်ဖြေတာကို

လှောင်ပြောင်ဝေဖန်ကြံတာကြောင့် စိတ်အားငယ်ပြီး ကလပ်တွေ မဟုတ်ပဲ နယ်ပွဲတွေမှာ ဒီဂျေတီးဖိုငှားရင် အနုပညာကြေးအများကြီး တင်တောင်းလိုက်တယ်ဆိုပြီး ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ လမင်းကဗျာ က လမင်းဖျော်ဖြေရတဲ့ နေရာတွေကျတော့ တော်ရုံတန်ရုံ ဘယ်ဒီ ဂျေမှ ဖျော်ဖြေလေ့မရှိတဲ့နေရာတွေပေါ့နော်။ လမင်းက ကလပ်ထဲ မှာ ဖျော်ဖြေရရင်တော့ ဒါတကယ်အမိုက်စား ပဲပေါ့နော်။ အခု လမင်း ဖျော်ဖြေတဲ့နေရတာတွေကျတော့ နယ်တွေမှာဖြစ်နေတာဆိုတော့ ဝေဖန်မှုတော့ရှိတာပေါ့ နဲနဲလေး အပ်စပ်မှုမရှိဘူးဖြစ်နေတာပေါ့။ သီချင်းဆိုရတာတော့ ပိုကောင်းတယ်။ လမင်းအဲ့တာကြောင့် အခုနာ က်ပိုင်း ဒီဂျေပါငှားပြီဆို ဈေးအများကြီးတောင်းလိုက်တယ်။ အဲ့တာမှ ခေါ်တယ်ဆိုလဲ တီးပေးလိုက်တယ်။ လမင်းနယ်တွေမှာ ဖျော်ဖြေတာ အပြောခံရတာတွေများတယ်

ဒါပေမယ့် ဖျော်ဖြေပေးရတာကို သဘောကျတယ်။ တချိုလူတွေက ကျတော့ ဒါကိုလှောင်စရာတစ်ခုအနေနဲ့ မြင်ကြံတာပေါ့နော်။ လမင်း အတွက်ကတော့ ကိုယ်ဖျော်ဖြေပေးရလို အောက်မှာ ပျော်နေတဲ့လူ တွေကိုမြင်ရတာ လမင်းစိတ်ချမ်းသာတယ်။ သူတိုလဲ ကျေနပ်လို ပိုက်ဆံပေးပြီး လာကြည့်တယ် ကိုယ်လဲအလုပ်လုပ်ရတာ ပိုက်ဆံရ တယ်။ လမင်းတိုအတွက် အဆင်ပြေတယ် ဒါပေမယ့် ဘေးကနေ ဝေဖန်တဲ့လူတွေကတော့ ထုံးစံအတိုင်းရှိတာပေါ့နော်။ လမင်းက ဒီ ဂျေနဲ့ပတ်သတ်ရင် အားငယ်တာပေါ့။ ဒါပေမယ့် လမင်းအချိန်မပေး နိုင်ဘူး ဒါပေမယ့် သေချာတစိုက်မတ်မတ် အားထည့်လိုက်ရင်တော့ အများကြီးတိုး တက်လာဦးမှာပါ ကိုယ့်ကိုကိုယ်

ယုံကြည်ပါတယ်ဆိုပြီး ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ လမင်းကဗျာဟာ နယ်ပွဲတွေမှာ ဒီဂျေတီးတာနဲ့ပတ်သတ်ပြီး လူတချိုရဲ့ ဝေဖန် လှောင်ပြောင်မှုတွေကြောင့် စိတ်အားငယ်နေရပြီး နယ်ပွဲတွေမှာ ဒီ ဂျေတီးဖို ငှားတယ်ဆိုရင် အနုပညာကြေးအများကြီး တင်တောင်း လိုက်တယ်ဆိုတာ ပရိသတ်တွေလဲ သိကြပြီထင်ပါတယ်နော်။ လမင်းကဗျာဟာ သရုပ်ဆောင် ဒီဂျေစတဲ့ အနုပညာအလုပ်တွေ အပြင် ကိုယ်တိုင်ရိုက်ကူးရတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို သင်တန်းတက်တော့မယ်ဆိုတဲ့ အကြောင်းလေးလဲ ပြောပြခဲ့ပါသေး တယ်။ လမင်းကဗျာစာ ဒါရိုက်တာသင်တန်းပါတက်တော့မယ်ဆိုရင် သရုပ်တောင် ဒီဂျေ ဒါရိုက်တာ ဆိုပြီး အဖက်ဖက်ကပြည့်စုံနေတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေက မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Credit






Credit