ဟော်လန်နိုင်ငံကနေမျိုးစေ့ယူပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး စိုက်ပျိုးခဲ့တဲ့ လွင်မိုးရဲ့ လီလီပန်းခင်းကြီးအကြောင်း

ဟော်လန်နိုင်ငံကနေမျိုးစေ့ယူပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး စိုက်ပျိုးခဲ့တဲ့ လွင်မိုးရဲ့ လီလီပန်းခင်းကြီးအကြောင်း

ရုပ်ရှင်လောကမှာ တစ်ခေတ်တစ်ခါက အောင်မြင်မှု တွေများစွာကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသားကြီး လွင်မိုး ကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ ။ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင် ထားတာဖြစ်လို မြင်ရတဲ့ ပရိသတ်တွေအတွက် စိတ်ချမ်းမြေ့စရာပါပဲ။ စကားပြောရင် ဒဲ့တိုးပြော တတ်တဲ့ ပုံစံလေးတွေကြောင့် အားလုံးက ချစ်နေ ရပြီး… ရုပ်ရှင်လောကမှာ မင်းသားကြီး လွင်မိုး အဖြစ် ရပ်တည်ခဲ့တဲ့ သူတစ်ယောက်ပါ။

မင်းသားကြီးလွင်မိုးရဲ့ The Florist by Yum Co,.Ltd မှာ လီလီပန်းတွေကို စိုက်ပျိုးရောင်ချပေး နေတာဖြစ်ပြီး စီးပွားရေးကိုလည်း ကြိုးစား လုပ်ဆောင်နေပြီး သူရဲ့လီလီပန်းစိုက်ပျိုးရေးလေး ကလည်း အောင်မြင်နေတာဖြစ်ပါတယ်။ လီလီပန်း စိုက်ပျိုးရေးနည်းပညာ ဆွေးနွေး ဟောပြော မျှဝေပွဲ တွေလည်းကို ဦးစီး ကျင်းပခဲ့ပါသေးတယ်။

လွင်မိုးကလွင်မိုးကတော့ အခုချိန်ထိလည်း အရွယ်တင်နုပျိုနေပြီး ဟိုးအရင်တုန်းကအတိုင်း ချောမောခန့်ညားနေဆဲပါနော်။ပရိသတ်တွေ ကတော့ လွင်မိုးတိုမိသားစုလေးကို အရမ်းချစ်ကြ ပြီး သူ့ရဲ့မြေးချောလေး Liamလေးကိုလည်း ချစ်နေ ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လွင်မိုးက သူ့ရဲ့ လီလီပန်းစိုက်ပျိုး တဲ့ လယ်ကွင်းပြင်ကြီးထဲကို ရောက်ရှိနေတာဖြစ်ပါ တယ်။

စိမ်းစိုလှပတဲ့ လယ်ကွင်းပြင်ကြီးထဲမှာ နေ့လယ်စာကို ရိုးရိုးရှင်းရှင်းလေးစားပြီး သာယာ အေးချမ်းနေတာပါနော်။စိမ်းစိုတဲ့မြင်ကွင်းလေးက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး လေတဖြူးဖြူး နဲ့ နေချင်စရာကောင်းလှပါတယ်။လွင်မိုးကတော့ အေးအေးချမ်းချမ်းနဲ့နေ့လည်စာထိုင်စားနေတာ ဖြစ်လို သူ့ရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit






Credit