သူမအထဲမှာဒုက္ခရောက်နေချိန် တစ်ချက်လေးမှာ လှည့်မကြည့်တဲ့သူတွေကို ခနဲ့တဲ့တဲ့စကားလုံးတွေနဲ့ဒဲ့ဆော်လိုက်တဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် ရွှေရည်သိန်းတန်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အချုပ်အနှောင်တွေကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာချိန်မှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ သူ့အထဲရောက်နေချိန်မှာ အစစအရာရာကူညီပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း အခုလိုပဲရေးသားမျှဝေလာခဲ့ပါတယ်။

“ခုလိုလေးအားလုံးနှင့်ပြန်ဆုံရဖို့..ကာလအတန်ကြာ တချိန်လုံးအပင်ပန်းခံပြီး ..တချက်မှမငြီးမငြူ..မအိပ်မနေကြိုးစားပေးခဲ့တဲ့ ချစ်ခင်ပွန်းကို ကျေးဇူးတင်စွာကန်တော့ပါတယ်.” ဆိုပြီး ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်ကန်တော့ကြောင်းနဲ့အတူ အမျိုးမျိုးကူညီပေး စိတ်ခွန်အားပေး အလုပ်ကိစ္စတွေကို နားလည်ပေးကြတဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားခဲ့ပါသေးတယ်။

ဒါ့အပြင် “သွေးစပ်သော် လည်.. အလွန်ခင်မင်ခဲ့ကြသော် လည်း..လိုအပ်သမျှကျွန်မမငြီးမငြူကူညီဖြည့်ဆည်းပေးခဲ့ဖူးသော်လည်း..ကျွန်မဒုက္ခရောက်နေချိန် တချက်မှလှည့်မကြည့်နိုင်အားကြသူများကိုလည်း..ကျေးဇူးတင်ပါတယ်..တူညီသောတုန့်ပြန်မှုနှင့်ကျွန်မပြန်ဆက်ဆံတဲ့အခါ..ကျွန်မကိုနားလည်ပေးကြလိမ့်မယ်ထင်ပါတယ်..နားလည်မပေးလည်း…………ဂရုစိုက်မှာ မဟုတ်ကြောင်းလည်းတခါထဲအသိပေးလိုက်ပါတယ်လို့….နော်” လို့လည်း ရေးသားထားခဲ့ပါသေးတယ်။

Credit;CeleZone




Credit;CeleZone