သားဦးရတနာလေးလူ့လောကထဲကို ကျန်းမာစွာနဲ့ရောက်ရှိလာပြီဖြစ်ကြောင်း သားလေးရဲ့ချစ်စရာပုံရိပ်လေးနဲ့တကွ အသိပေးလာတဲ့ လင်းမြတ်

ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားကြတဲ့ MRTV-4 ဇာတ်လမ်းတွဲရဲ့ အနုပညာရှင်သရုပ်ဆောင်မင်းသားချောတွေထဲမှာ လင်းမြတ်ကလည်း အပါအဝင်ပါပဲ..။သရုပ်ဆောင်ကောင်းတဲ့ မင်းသားချော လင်းမြတ်ဟာ ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့ သူ့ရဲ့ပင်ကိုယ်ဟန်ပန်ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူလည်း ဖြစ်ပါတယ်နော်..။လင်းမြတ်ဟာဆိုရင် ကျိန်စာပြယ်ဒဏ္ဍါရီ ၊ ရွှေကြာဖူးသစ်၊ မကြေးစည် စတဲ့ဇာတ်လမ်းတွဲများစွာမှာလည်း ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အောင်မြင်မှုတွေကို အပြည့်အဝရရှိထားတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်နော်..။

အနေအေးပြီးတည်ကြည်ခန့်ညားလွန်းတဲ့ လင်းမြတ်ဟာ မကြာသေးခင်က သူအရမ်းကိုချစ်ရတဲ့ ချစ်သူလေးနဲ့ရွှေလက်တွဲခဲ့တာပဲဖြစ်ပါတယ်.။လင်မြတ်ရဲ့ချစ်ဇနီးလေးဟာ လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး ဒီကနေ့မှာ ချစ်စရာကောင်းတဲ့ သားဦးရတနာလေးကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်နော်။

မင်းသားလင်းမြတ်က ဒီကနေ့မှာ သားဦးရတနာလေးပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်းကို ” သားလေးကျန်းကျန်းမာမာဖြင့်မွေးပြီးပါပြီခင်ဗျာ ကလေးကော အမေကောကျန်းမာပါတယ်” ဆိုပြီး ပရိတ်သတ်ကိုဝမ်းသာအားရနဲ့ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဖြူဖြူဖွေးဖွေလေးနဲ့ချစ်စရာကောင်းတဲ့ လင်းမြတ်သားလေးရဲ့မွေးကင်စပုံရိပ်လေးတွေကိုကြည့်ပြီး ဖဖေလင်းမြတ်ကိုချစ်သလိုပဲ ဂျူနီယာလင်းမြတ်လေးကိုလည်း ပရိတ်သတ်တွေ အချစ်ပိုနေမယ်လို့မျှော်လင့်ပါတယ်နော်..။

Credit ; Celebrity Platforms

ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးခ်စ္ခင္မႈေတြကို ရရွိထားၾကတဲ့ MRTV-4 ဇာတ္လမ္းတြဲရဲ႕ အႏုပညာရွင္သ႐ုပ္ေဆာင္မင္းသားေခ်ာေတြထဲမွာ လင္းျမတ္ကလည္း အပါအဝင္ပါပဲ..။သ႐ုပ္ေဆာင္ေကာင္းတဲ့ မင္းသားေခ်ာ လင္းျမတ္ဟာ ဆြဲေဆာင္မႈရွိၿပီး ေယာက်္ားပီသတဲ့ သူ႔ရဲ႕ပင္ကိုယ္ဟန္ပန္ပုံရိပ္ေလးေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြ အမ်ားဆုံးရရွိထားသူလည္း ျဖစ္ပါတယ္ေနာ္..။လင္းျမတ္ဟာဆိုရင္ က်ိန္စာျပယ္ဒ႑ါရီ ၊ ေရႊၾကာဖူးသစ္၊ မေၾကးစည္ စတဲ့ဇာတ္လမ္းတြဲမ်ားစြာမွာလည္း ပီျပင္ပိုင္ႏိုင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့အတြက္ ေအာင္ျမင္မႈေတြကို အျပည့္အဝရရွိထားတဲ့မင္းသားတစ္လက္လည္းျဖစ္ပါတယ္ေနာ္..။

အေနေအးၿပီးတည္ၾကည္ခန္႕ညားလြန္းတဲ့ လင္းျမတ္ဟာ မၾကာေသးခင္က သူအရမ္းကိုခ်စ္ရတဲ့ ခ်စ္သူေလးနဲ႕ေရႊလက္တြဲခဲ့တာပဲျဖစ္ပါတယ္.။လင္ျမတ္ရဲ႕ခ်စ္ဇနီးေလးဟာ လက္ရွိမွာ ကိုယ္ဝန္လြယ္ထားရတာျဖစ္ၿပီး ဒီကေန႕မွာ ခ်စ္စရာေကာင္းတဲ့ သားဦးရတနာေလးကို ေမြးဖြားခဲ့တာပဲျဖစ္ပါတယ္ေနာ္။

မင္းသားလင္းျမတ္က ဒီကေန႕မွာ သားဦးရတနာေလးပိုင္ဆိုင္ခဲ့ၿပီျဖစ္ေၾကာင္းကို ” သားေလးက်န္းက်န္းမာမာျဖင့္ေမြးၿပီးပါၿပီခင္ဗ်ာ ကေလးေကာ အေမေကာက်န္းမာပါတယ္” ဆိုၿပီး ပရိတ္သတ္ကိုဝမ္းသာအားရနဲ႕ အသိေပးလာခဲ့တာပဲျဖစ္ပါတယ္။ျဖဴျဖဴေဖြးေဖြေလးနဲ႕ခ်စ္စရာေကာင္းတဲ့ လင္းျမတ္သားေလးရဲ႕ေမြးကင္စပံုရိပ္ေလးေတြကိုၾကည့္ၿပီး ဖေဖလင္းျမတ္ကိုခ်စ္သလိုပဲ ဂ်ဴနီယာလင္းျမတ္ေလးကိုလည္း ပရိတ္သတ္ေတြ အခ်စ္ပိုေနမယ္လို႕ေမွ်ာ္လင့္ပါတယ္ေနာ္..။

Credit ; Celebrity Platforms