သားလေးမှာ ပြင်းထန်တဲ့ဒဏ်ရာတစ်ခုရရှိသွားခဲ့တာကြောင့် မခွဲချင်တဲ့သံယောဇဉ်တစ်ခုကို ရင်နာနာနဲ့ခွဲခွါရတော့မယ့်အကြောင်းရင်ဖွင့်လာတဲ့ ဗီဗာဟိန်း

ပရိသတ်ကြီးရေ… အဆိုတော် ဗီဗာ ဟိန်းကတော့ သူမဖခင်ဆီကနေ အနုပညာအမွေတွေကို လက်ဆင့်ကမ်းရရှိခဲ့ပြီး အောင်မြင်မှုအတိုင်းအတာတစ် ခုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဗာဟိန်းဟာ အခုဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီမို အနုပညာအလုပ်တွေကို ခဏ တာရပ်နားထားတာပဲ ဖြစ်ပါတယ်။

သံယောဇဉ်ကြီးမားလွန်းသူတစ်ယောက်ဖြစ်တဲ့ ဗီဗာ ဟိန်းဟာ ဒီကနေ့မှာတော့ သူမသားသမီးလိုချစ်ရတဲ့ ခွေးလေးကို မစွန့်လွှတ်ချင်ပဲ မစွန့်လွှတ်ရတော့မယ့် အကြောင်းကို အခုလိုပဲပြောလာပါတယ်။ ဗီဗာဟိန်းက “လုံးလုံးလေးရယ် ငါ့သားလေးမှကိုက်ရလားဟယ် သား ဇောနဲ့ရိုက်မိပြီစိတ်မကောင်းလိုက်တာ သားလေးကချစ် လိုလိုက်ကိုင်နေတာကိုအထိကိုမခံဘူးအတူထားလိုကိုမ ရတော့ပါလား ရင်ဘက်တွေအောင့်လိုက်တာသူ့သားကို ကိုက်လိုတဲ့သူ့အဖေကလုံးလုံးလေးကိုအိမ်မှာမထား တော့ဘူး ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ် ပါတယ်။

ဗီဗာဟိန်းကတော့ သူမရဲ့ သားလေးကိုကိုက်လိုက်တဲ့ခွေးလေးကို ခင်ပွန်းဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့်အိမ်မှာမထားတော့ပဲ အခြားနေရာကို ပိုပစ်တော့မယ်ဆိုပြီး စိတ်မကောင်းစွာ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

Credit




Credit