သမီးဖြစ်သူ စစ်လွန်းဝတီထက် ကို ကားတစ်စီးနဲ့ I phone 15 Pro Max လက်ဆောင်ပေးလိုက်တဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေက ထက်ထက်လို့ချစ်စနိုးနဲ့ခေါ်နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအနုပညာလောကမှာ ဒီအနေ့အချိန်ထိအောင်မြင်နေဆဲပဲဖြစ်ပါတယ်နော်။ ထက်ထက်ကတော့လက်ရှိမှာ Live Sale တွေရောင်းပြီး ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်ရှိနေတာလဲဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့သမီးလေး စစ်လွန်းဝတီထက်နဲ့အတူ တွဲမြင်တွေ့ရလေ့ရှိပါသေးတယ်နော်။ သမီးလေး စစ်လွန်းလေးကလဲ လိမ္မာရေးခြားရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်မြတ်နိုးခြင်းကို ခံထားရသူလဲဖြစ်ပါတယ်နော်။

ဒီကနေ့မှာဆိုရင်လဲ ထက်ထက်က သမီးဖြစ်သူ စစ်လွန်းလေးကို နှစ်သစ်မွေးနေ့လက်ဆောင်ကြီးကြီးပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာနေကြောင်းပြောလာခဲ့တာပဲဖြစ်ပါတယ်။ထက်ထက်က ” မေမေ့ အသဲနှလုံးလေးရေ…💗လိမ္မာပီးစာသိပ်တော်တဲ့သမီးလေး
ဘဝတစ်လျှောက်လုံးအရာရာပြည့်စုံပီးဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ…အမြဲအေးချမ်းပီး အန္တရယ်ကင်းပါစေလိုမေမေဆုတောင်းပေးလိုက်ပါတယ်😍

နှစ်သစ်မှာလာမယ့်သမီးလေးမွေးနေ့အတွက်ကားတစ်စီးနဲ့ I phone 15 Pro Max လေးလက်ဆောင်ဝယ်ပေးရလိုမေမေအတိုင်းမသိပျော်ရွှင်နေရပါတယ်😘နှလုံးသားချင်း အသွေးအသားချင်းဆက်နေတဲ့မေမေ့သမီးအသဲနှလုံးလေးကိုအချစ်ရဆုံးပါကွယ်❤️အားလုံးပဲကျန်းမာချမ်းသာကြပါစေ🙏 နှစ်သစ်မှာအေးချမ်းကြပါစေ🙏ငွေတွေများကြီးဝင်ကြပါစေ🙏 ” ဆိုပြီး သမီးလေးကို နှစ်သစ်မွေးနေ့လက်ဆောင်ကြီးကြီးပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာနေကြောင်းအခုလိုပဲပြောလာခဲ့တာပဲဖြစ်ပါတယ်နော်……

Zawgyi


