လှနုထွန်းကိုမေ့နိုင်မှ ဖျက်မယ်ဆိုတဲ့ Cover Photo ကို တခြားကောင်မလေးပုံနဲပ အစားထိုးပြောင်းလဲလိုက်တဲ့ ဟုမ်းသာစန်း

လှနုထွန်းကိုမေ့နိုင်မှ ဖျက်မယ်ဆိုတဲ့ Cover Photo ကို တခြားကောင်မလေးပုံနဲပ အစားထိုးပြောင်းလဲလိုက်တဲ့ ဟုမ်းသာစန်း

ပရိသတ်ကြီးရေ… သရုပ်ဆောင် ဟုမ်းသာစန်ကတော့ အခုမှ အနုပညာလောကထဲကို စတင်ပြီးခြေချဖို ပြင်ဆင်နေတဲ့ တက်သစ်စတစ် ယောက်ပါပဲ။ နာမည်ကြီး ဆယ်လီဘရစ်တီဖြစ်တဲ့ လှနု ထွန်းနဲ့ ချစ်ကြိုက်ခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ် သတိထားမိခြင်းကိုခံရကာ ပိုပြီး နာမည်ရလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်ထက်ဝက်နီးပါးကွာ လွန်းတဲ့ လှနုထွန်းနဲ့ ဟုမ်းသာစန်တိုရဲ့ အချစ်ရေးက ရေရှည်မကြာခဲ့ပဲ ပြတ်ဆဲသွားခဲ့ပြီဖြစ်ပါတယ်။

လှနုထွန်းနဲ့ စတင် ပြတ်ဆဲကာစက လှနုထွန်းအပေါ် ခံစားချက်တွေကိုရှိနေဆဲဖြစ်ကာ သူတိုနှစ်ယောက်ရဲ့ စုံတွဲပုံကိုလည်း သူ့ဘက်က တကယ်ပြတ်နိုင်ပြီဆိုမှ ပြောင်းလဲမယ်လို အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါ တယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဟုမ်းသာစန်က နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ ဓာတ်ပုံကို လှနု ထွန်းရဲ့ဓာတ်ပုံနေရာမှာ အစားထိုးခဲ့ကာ “ဖဲကြိုးအနီ နဲ့ သူကဘယ်သူများလဲ ? ” ဆိုပြီး မေးခွန်းထုတ်လာပါ တယ်။

ဟုမ်းသာစန်ကတော့ လှနုထွန်းကိုမေ့နိုင်မှ ဖျက်မယ်ဆိုတဲ့ Cover Photo ကို ပြောင်းလဲပစ်ခဲ့ပြီး သူ့ရဲ့ ခံစားချက် ကို ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ လှနုထွန်းနဲ့ ဟုမ်းသာ စန်တိုရဲ့ဆက်ဆံရေးကတော့ တကယ်ကို ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါ တယ်။

Credit;





Credit;