လက်ရှိရိုက်ကူးမယ့်ဇာတ်လမ်းတွဲအသစ်အတွက် ကာရိုက်တာမိဖို့ သူလုံးဝမနှစ်သက်တဲ့အရာတစ်ခုကို ဖန်တီးလိုက်ရတဲ့ သုတအောင်

ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည် သွင် ပြင်နဲ့ ခပ်မိုက်မိုက်သရုပ်ဆောင် သုတအောင် ကတော့ လက်ရှိမှာ ပရိသတ်တွေ ရင်ဘတ်ထဲကို နေရာယူလာ တဲ့သူတစ်ယောက်ဖြစ်ကာ လူကြီးလူငယ် ပရိသတ် အားလုံးရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ် ယောက်ဖြစ်လာပါတယ်…။ လက်ရှိမှာလည်း MRTV -4 နဲ့အ တူလက်တွဲကာ အနုပညာအ လုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်နော်…။သုတအောင်ဟာ ဇာတ်လမ်းတွဲတွေ များစွာမှာ မထင်မရှားသရုပ်ဆောင်ရင်းနဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ရင်း အောင်မြင်လာခဲ့သူ တစ်ယောက်ပါ။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ သုတ အောင်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ဇာတ်ကောင်အသစ် တစ်ခုအတွက် ဖန်တီးမှုတစ်ခုပြုလုပ်ခဲ့တယ်လို ဆိုပါ တယ်။ သုတအောင်က သူအသစ်ရိုက်မယ့်ဇာတ်ကောင် အတွက် နှာခေါင်းမှာအပေါက်ဖောက်ပြီး ကာရိုက်တာမိ အောင် ဖန်တီးပြုလုပ်ခဲ့တာပဲ ဖြစ်ပါ တယ်။

သုတအောင်ကတော့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူး ထိုးထားတာလည်းမရှိသလို အပေါက်ဖောက်တာမျိုး တွေလည်း မကြိုက်နှစ်သက်ပေမယ့် ဇာတ်လမ်း လိုအပ်ချက်အရ လိုအပ်တဲ့အခါမှာတော့ ကာရိုက်တာမိ အောင် ဖန်တီးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သုတအောင်ရဲ့ နောက်ထပ် ဇာတ်ကားသစ်တွေကို ဆက်လက်အားပေ းဝန်းရံပေးကြ ပါဦးနော်။

Credit




Credit