ရိုက်ကူးထားတဲ့ဇာတ်ကား ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်ဆိုပြီး ဒါရိုက်တာစတီး လ်ရဲ့ ပြောဆိုမှုကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိသွား ခဲ့တဲ့ ခိုင်နှင်းဝေ၊ ရွှေသမီးနဲ့ မာဂရက်

ရိုက်ကူးထားတဲ့ဇာတ်ကား ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်ဆိုပြီး ဒါရိုက်တာစတီး လ်ရဲ့ ပြောဆိုမှုကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိသွား ခဲ့တဲ့ ခိုင်နှင်းဝေ၊ ရွှေသမီးနဲ့ မာဂရက်

ပရိသတ်ကြီးရေ…ဒါရိုက်တာ စတီးလ် ကတော့ နိုင်ငံကျော်မင်းသား ဒွေးရဲ့ အနားမှာနေရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ကာ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ဆိုပြီး ရပ်တည်ခဲ့တာပဲဖြစ်ပါ တယ်။ အနုပညာလောက မှာ နာမည်ပျက်တွေ ခဏခဏ ကြုံရတဲ့ ဒါရိုက်တာ စတီးလ်ဟာ လက်ရှိမှာလည်း သူ ရိုက်ကူးထားတဲ့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်လမ်းတွဲနဲ့ ဂယက်တွေထနေပြန်တာပဲဖြစ်ပါတယ်။

ဒါရိုက်တာ စတီးလ်က သူရိုက်ကူးထားတဲ့ “ကျိန်စာသင့် နတ်သုဒ္ဓါ” ဇာတ်လမ်းတွဲဟာ Malaysia နိုင်ငံ Kuching , Sarawak မှာပြုလုပ်ကျင်းပမဲ့ ASEAN INTERNATIONAL FILM FESTIVAL AND AWARDS 2023 မှာ ဆုရရှိဖို ဆန်ကာတင်အရွေးခံရ တယ်ဆိုပြီး

အင်တာဗျူးတွေမှာ ဖြေကြားခဲ့သလို အဓိကသရုပ်ဆောင်ဖြစ် တဲ့ ခိုင်နှင်းဝေကိုလည်း အင်တာဗျူးဖြေစေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်တွေ မလေးရှားနိုင်ငံကိုရောက်ပြီး အဆိုပါ ပွဲတက်ရောက်ချိန်မှာတော့ “ကျိန်စာသင့်နတ်သုဒ္ဓါ” ဇာတ်လမ်းတွဲဟာ ဆန်ကာတင်စာရင်းထဲမှာလည်း မ ပါဝင်ခဲ့သလို ရွေးချယ်ခြင်းလည်းမခံရကာ

ပွဲတက်ရုံ သက်သက်ပဲ ဖိတ်ကြားခံရတာဖြစ်တယ်လို သရုပ်ဆောင်တွေအနေနဲ့ သိရှိခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီအတွက် မြန်မာနိုင်ငံမှာ လူသိရှင်ကြား အင်တာဗျူး တွေဖြေဆိုပြီးမှ ပွဲတက်ခဲ့တဲ့ ခိုင်နှင်းဝေ အပါအဝင် အခြားသော သရုပ်ဆောင်တွေဟာ ပရိသတ်တွေနဲ့

အထင်အမြင်လွဲစေမှုတွေဖြစ်ခဲ့ရပြီး ခိုင်နှင်းဝေကလည်း ဒါရိုက်တာ စတီးလ်နဲ့ ရှေ့ဆက်ပြီး ဘာအလုပ်မှ လက်တွဲ လုပ်ကိုင်မှာမဟုတ်ဘူးလို လူသိရှင်ကြားပြောလာခဲ့ပါ တယ်။

crd:

ရိုက္ကူးထားတဲ့ဇာတ္ကား ဆန္ကာတင္စာရင္းဝင္ခဲ့ပါတယ္ဆိုၿပီး ဒါ႐ိုက္တာစတီး လ္ရဲ႕ ေျပာဆိုမႈေၾကာင့္ မေလးရွားႏိုင္ငံကို ေရာက္ရွိသြား ခဲ့တဲ့ ခိုင္ႏွင္းေဝ၊ ေ႐ႊသမီးနဲ႔ မာဂရက္

ပရိသတ္ႀကီးေရ…ဒါ႐ိုက္တာ စတီးလ္ ကေတာ့ ႏိုင္ငံေက်ာ္မင္းသား ေဒြးရဲ႕ အနားမွာေနရင္း အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ကာ ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ) ဆိုၿပီး ရပ္တည္ခဲ့တာပဲျဖစ္ပါ တယ္။ အႏုပညာေလာက မွာ နာမည္ပ်က္ေတြ ခဏခဏ ႀကဳံရတဲ့ ဒါ႐ိုက္တာ စတီးလ္ဟာ လက္ရွိမွာလည္း သူ ႐ိုက္ကူးထားတဲ့ “က်ိန္စာသင့္နတ္သုဒၶါ” ဇာတ္လမ္းတြဲနဲ႔ ဂယက္ေတြထေနျပန္တာပဲျဖစ္ပါတယ္။

ဒါ႐ိုက္တာ စတီးလ္က သူ႐ိုက္ကူးထားတဲ့ “က်ိန္စာသင့္ နတ္သုဒၶါ” ဇာတ္လမ္းတြဲဟာ Malaysia ႏိုင္ငံ Kuching , Sarawak မွာျပဳလုပ္က်င္းပမဲ့ ASEAN INTERNATIONAL FILM FESTIVAL AND AWARDS 2023 မွာ ဆုရရွိဖို ဆန္ကာတင္အေ႐ြးခံရ တယ္ဆိုၿပီး

အင္တာဗ်ဴးေတြမွာ ေျဖၾကားခဲ့သလို အဓိကသ႐ုပ္ေဆာင္ျဖစ္ တဲ့ ခိုင္ႏွင္းေဝကိုလည္း အင္တာဗ်ဴးေျဖေစခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ သ႐ုပ္ေဆာင္ေတြ မေလးရွားႏိုင္ငံကိုေရာက္ၿပီး အဆိုပါ ပြဲတက္ေရာက္ခ်ိန္မွာေတာ့ “က်ိန္စာသင့္နတ္သုဒၶါ” ဇာတ္လမ္းတြဲဟာ ဆန္ကာတင္စာရင္းထဲမွာလည္း မ ပါဝင္ခဲ့သလို ေ႐ြးခ်ယ္ျခင္းလည္းမခံရကာ

ပြဲတက္႐ုံ သက္သက္ပဲ ဖိတ္ၾကားခံရတာျဖစ္တယ္လို သ႐ုပ္ေဆာင္ေတြအေနနဲ႔ သိရွိခဲ့ရတာပဲျဖစ္ပါတယ္။အဲ့ဒီအတြက္ ျမန္မာႏိုင္ငံမွာ လူသိရွင္ၾကား အင္တာဗ်ဴး ေတြေျဖဆိုၿပီးမွ ပြဲတက္ခဲ့တဲ့ ခိုင္ႏွင္းေဝ အပါအဝင္ အျခားေသာ သ႐ုပ္ေဆာင္ေတြဟာ ပရိသတ္ေတြနဲ႔

အထင္အျမင္လြဲေစမႈေတြျဖစ္ခဲ့ရၿပီး ခိုင္ႏွင္းေဝကလည္း ဒါ႐ိုက္တာ စတီးလ္နဲ႔ ေရွ႕ဆက္ၿပီး ဘာအလုပ္မွ လက္တြဲ လုပ္ကိုင္မွာမဟုတ္ဘူးလို လူသိရွင္ၾကားေျပာလာခဲ့ပါ တယ္။

crd: