မင်းသားချော ဟိန်းဝေယံအတူ အခမ်းနားတစ်ခုကို အတူတတ်ရောက်ခဲ့တဲ့ မင်းသမီး စိုးပြည့်သဇင်

မင်းသားချော ဟိန်းဝေယံအတူ အခမ်းနားတစ်ခုကို အတူတတ်ရောက်ခဲ့တဲ့ မင်းသမီး စိုးပြည့်သဇင်

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါ က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားခေတ်က အမြဲတမ်းတတွဲတွဲနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော ဟိန်းဝေယံနဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်တို့ကတော့ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေကို တူတူပြန်လည်တက်ရောက်နေခဲ့ကြပါတယ်။ ဇာတ်ကားတွေထဲမှာ အတွဲညီလွန်းလှတာကြောင့် ပရိသတ်တွေက အပြင်မှာပါ သဘောတူနေခဲ့ရတဲ့ အထိ ပါပဲ။

ဟိန်းဝေယံကလည်း အနုပညာလောကမှာ နာမည်ကြီးထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ပြီး စိုးပြည့်ကလည်း အနုပညာမျိုးရိုးရှိတဲ့ အကယ်ဒမီဆုရမင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ စိုးပြည့်ကတော့ အနုပညာအလုပ်တွေကို တောက်လျှောက်ဆက်လက်လုပ်ကိုင်နေခဲ့ပေမဲ့ ဟိန်းဝေယံကတော့ အနုပညာအလုပ်တွေကို ခေတ္တခဏရပ်နားခဲ့ပါသေးတယ်။လတ်တလောမှာတော့ဟိန်းဝေယံက ပွဲတက်တဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပြီး ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟိန်းဝေယံနဲ့ စိုးပြည့်တို့ နှစ်ယောက်က ပွဲတစ်ခုကို အတူတူတက်ရောက်ပေးခဲ့ရပြီး မနေ့ကတော့ စိုးပြည့်က ပွဲတက်ရောက်ခဲ့တဲ့ သူတို့ နှစ်ယောက်ရဲ့ ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ အတွဲညီလှတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်တို့နှစ်ယောက်ကတော့ ဘယ်လောက်အချိန်ကြာကြာ အခုလည်း အတွဲညီနေတုန်းပါ ပဲနော်။

Credit





Credit