ဖိုက်တင်မင်းသားကြီးနေထူးနိုင်နဲ့တွဲဖက်ပြီး ပထမဦးဆုံးဇာတ်လမ်းတွဲရိုက်ကူးနေပြီဖြစ်တဲ့ ဗညာဟန်

ပရိသတ်ကြီးရေ..မြန်မာသံစဉ်ကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်တွေရဲ့ Idol တစ်ဦးဖြစ်တဲ့ အဆိုဗညားဟန်ကတော့ အထွေအထူးမိတ်ဆက်ပေးဖိုလိုမယ် မထင်ပါဘူးနော်။ ဗညားဟန်ဟာ မြန်မာသံစဉ် တေးသီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် သီဆို နိုင်ခဲ့တာမို သူ့ရဲ့သီချင်းတွေဟာ ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်းမရှိပဲ ယနေ့ထိတိုင် အောင်မြင်နေ ဆဲပဲဖြစ်ပါတယ်။


အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင် တစ် ယောက်အဖြစ်စတင်ပြီး လျှောက်လှမ်းနေပြီဖြစ်တဲ့ ဗ ညားဟန်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ဇာတ်ကားရိုက်ကွင်း ပေါ်က အမှတ်တရပုံရိပ်လေးကို မျှဝေပေးလာခဲ့ပါ တယ်။ ဗညားဟန်က ” ကျွန် တော်ရဲ့ပထမဆုံး ဇာတ်လမ်းတွဲ “တားဆီး၍မရပါ” မကြာမှီကြယ်တံခွန်YouTube မှပြမည်… Subscribeလေးနှိပ်ထားနော်” ဆိုပြီး သတင်းကောင်းလေးပါးလာပါတယ်။

ဗညားဟန်ကတော့ အဆိုတော်တစ်ယောက်အဖြစ်ကနေ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် လျှောက် လှမ်းပြီး ဇာတ်ကားတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဗညားဟန်ရဲ့ ဇာတ်ကားလေး ထွက်ရှိလာရင် အားပေးကြပါဦးနော်။

Credit




Credit