ဒီကနေ့ ဇွန်လ (၂၀) ရက်နေ့မနက်ပိုင်းမှာ ပိုးကြာဖြူခင်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အဓိကအကြောင်းအရင်း

ပရိသတ်ကြီးရေ.. သရုပ်ဆောင် ပိုး ကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ နာမည် ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ် တွေရဲ့လက်ခံအားပေးမှုကိုလည်း အခိုင်အမာရရှိ ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ လတ်တလောမှာတော့ သူမဗိုက်ထဲက ရင်သွေးလေး ကြောင့် အနုပညာလှုပ်ရှားမှုတွေကိုရပ်နားထားပြီး ပွဲ တက်အချို့ကိုသာ တက်ရောက်နေလျက်ရှိတာပဲ ဖြစ်ပါ တယ်။

ဒီကနေ့ ဇွန်လ (၂၀) ရက်နေ့ မနက်ပိုင်းမှာတော့ ပိုးကြာ ဖြူခင်ဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်လို သတင်း တွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ မနေ့ကကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အတွက် သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ ဆုတောင်းပေးခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရ တယ်လိုလည်း သိရပါတယ်။

ပိုးကြာဖြူခင်ဟာ လက်ရှိမှာ ရင်သွေးလေးကို လွယ် ဆောင်ထားတာကြောင့် အခုလိုသတင်းကြားရတဲ့အခါ ပရိသတ်တွေက အရမ်းစိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တစ်ယောက် အမြန်ဆုံးလွတ်မြောက်လာ ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit




Credit