တစ်နေ့တစ်ခြား မင်းသားတစ်ယောက်လိုချောမောလာတဲ့ တူလေးကိုကြည့်ပြီး စိတ်မချဖြစ်နေရကြောင်းပြောပြလာတဲ့ ဖြိုးငွေစိုးရဲ့ညီမသီရိစိုး

ဟာသမင်းသားချောတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်မင်းသားချော ဖြိုးငွေစိုးကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ အခြားသောမင်းသားတွေနဲ့ မတူတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်တက်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးငွေစိုးကတော့ အနုပညာ လှုပ်ရှားမှုတွေ ရပ်နားထားပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြိုမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောက်ထား တာပဲ ဖြစ်ပါတယ်။

ဖြိုးငွေစိုးဟာ သားလေးတစ်ယောက်တည်းကို မွေးဖွား ထားပြီး သားလေးဂုဏ်ပြည့်စုံဖြိုးက အခုဆိုရင် တော်တော်လေး အရွယ်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဖြိုးငွေစိုးရဲ့ ညီမလေး သီရိစိုးကလည်း တစ်နေ့တစ်ခြား ချောလာတဲ့တူလေး ဂုဏ်ပြည့်စုံဖြိုးကို စိတ်မချဖြစ်နေရ တယ်ဆိုပြီး “ဓာတ်ပုံလေးရိုက်ပါရစေကောင်းကောင်း နေပါပြောတာကို လှုပ်ရမ်းနေတာ ” တနေ့တခြား ချော လာလို ကြီးလာရင်ဆိုပြီးဒီအဒေါ်ရင်မောနေရပြီ

ဘယ်အပေါက်ရှေ့ငုတ်တုတ်ထိုင်စောင့်ရမလည်းမသိဘူးကျမ …” ဆိုပြီး ပြောလာပါတယ်။သီရိစိုးကတော့ တစ်နေ့ထက်တစ်နေ့ချောလာတဲ့ တူ လေး ဂုဏ်ပြည့်စုံဖြိုးကို စိတ်မချဖြစ်နေရတယ်လို ပြော လာခဲ့တာပဲ ဖြစ်ပါတယ်။ သီရိစိုးစိတ်မချချင်လည်း စိတ် မချချင်စရာကို သားလေးဂုဏ်ပြည့်စုံဖြိုးက ဖေဖေဖြိုး ငွေစိုးလို ချောမောလာခဲ့တာပဲဖြစ်ပါတယ်။

Credit




Credit