တင်ပြီး နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူတစ်သန်းတိတိပြည့်သွားတဲ့ ပိုးကြာဖြူခင်ရဲ့သီချင်းဗီဒီယိုလေး

ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာပါ။ ဇာတ်ရုပ်များစွာကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို လက်ရှိအချိန်မှာလည်း MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အဏ္ဏဝါမုန်းဇာတ်ရုပ်နဲ့ ပရိသတ်တွေအားပေးမှု ရရှိထားပါသေးတယ်။ပိုးကြာဖြူခင်ဟာဆိုရင် အခုလတ်တလောမှာတော့ သူမရဲ့ ပထမ ဦးဆုံးကိုယ်ဝန်ကို လွယ်ဆောင်ထားရတာမို အနုပညာ လှုပ်ရှားမှုတွေကို လတ်တလောမှာ ရပ်နားထားရတာပဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၁၆) ရက်နေ့မှာတော့ ပိုးကြာဖြူခင်နဲ့ Jay တိုရဲ့ “Without Me” ဆိုတဲ့ သီချင်းလေးက MV နဲ့ တကွ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ “Without Me သီချင်းလေးဟာ တင်ပြီးပြီးချင်းမှာပဲ ကြည့်ရှုသူတွေ များစွာရှိခဲ့ပြီး (၂၄) နာရီမပြည့်သေးတဲ့အချိန်မှာတင် ကြည့်ရှုသူ တစ်သန်၊အထိရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ အဆိုပါ သီချင်းလေးကို ဆိုစဉ်က ကိုယ်ဝန်လွယ်ဆောင်ထားတာဖြစ်ပြီး MV ထဲမှာလည်း ကိုယ်ဝန်ရှိနေတာမို ဗိုက်လေးလုံးလုံးလေးဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ Cele Active World ပရိသတ်ကြီး ကလည်း ပိုးကြာဖြူခင်နဲ့ Jay တိုရဲ့ “Without Me” သီချင်းလေးကို မကြည့်ရှုရသေးရင် အားပေးကြည့်ရှု ပေးကြပါဦးလို တောင်းဆိုလိုက်ပါတယ်နော်။

Credit
