ညီအစ်မအရင်းလိုချစ်ရတဲ့ စိမ်းမို့မို့ရဲ့နောက်ဆုံးဆေးရုံတတ်နေရတာကိုတောင် မသိခဲ့လို့ ယူကြုံးမရဝမ်းနည်းကြေကွဲနေတဲ့ ကော်နီ

ပရိသတ်ကြီးရေ.. နိုင်ငံကျော် စတူဒီယိုတေးသံရှင် စိမ်းမိုမိုကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့ကပဲ ကင်ဆာရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ စိမ်းမိုမို ကွယ်လွန်ခြင်းဟာ ဂီတအနုပညာလောကအတွက် ဆုံးရှုးမှုကြီးတစ်ခုဖြစ်ပြီး အနုပညာလောကသားတွေက လည်း နှမြောတသဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် စိမ်းမိုမိုနဲ့ နီးနီးကပ်ကပ်ရှိဖူးသူဖြစ်တဲ့ အဆိုတော် ကော်နီကလည်း အစ်မကြီးစိမ်းမိုမိုအတွက် အရမ်းစိတ်မကောင်းဖြစ်ရကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

ကော်နီက “ဘဝမှာသိပ်ချစ်ခဲ့ရတဲ့အစ်မတယောက်ပါ။အနုပညာလောကထဲမှာခရီးတွေအတူထွက်ခဲ့ကြသလို ပွဲတွေအတူဆိုခဲ့ကြတာနော်။ အစ်မ မရှိသူမို မမိုကို အစ်မတယောက်လိုတွယ်ကပ်ခဲ့ဘူးသလို မမိုရဲ့နေထိုင်ပုံ အိန္ဒြေကြီးမှုစည်းကမ်းရှိမှုတွေကိုအများကြီးအတုယူခဲ့ရ သူပါ။ အပျိုကြီးဘဝနဲ့အတူဖြတ်သန်းကြမယ်ဆိုပြီး အကြောင်းအကျိုးတွေကြောင့် မမို အိမ်ထောင်ပြုတော့ လည်း စနောက်ရီမောနေရင်းနဲ့ငိုခဲ့ရသေးတာနော်။ ကျွန် တော့်ရဲ့မွေးနေ့တိုင်းမှာမွေးနေ့လက်ဆောင်ကို

ဘယ်တော့မှမမေ့ခဲ့ဘူးနော်။ ဝတ်ဝံအရုပ်လေးတွေကို သိပ်ချစ်တဲ့မမိုရေ.. ဘယ်သူ့ကိုမှအပူမပေးဘဲ အေးချမ်း စွာ ဘဝကိုကျော်ဖြတ်နေတတ်သူမို ကိုယ့်အမဆေးရုံ တက်တဲ့နောက်ဆုံးအချိန်လေးတွေကို မသိခဲ့လိုက်ရဘူး မမိုရယ်.. ပွဲတွေမရှိတော့လည်းမဆုံဖြစ်ကြတော့ မသိ ကြတာလည်းပါတာပေါ့လေ။ မနေ့ကခရီးလမ်းမှာ သတင်းကြားမိပေမယ့် လိုင်းပေါ်တက်မကြည့်ရဲခဲ့ပါဘူးလမ်းမှာမိုးရွာနေလို မိုးမိုးမိုး တိုနှစ်ယောက်ချစ်တဲ့မိုး လိုတောင် ညည်းမိနေသေးတာပါကိုယ့်အမရယ်.. မနက်ဖြန်မမိုရဲ့နောက်ဆုံးခရီးတဲ့လား= ခရီးရောက်နေ လို နှုတ်မဆက်ဖြစ်တော့ဘူးနော်.. မမိုရေ *

မနက်က ရွှေသိမ်တော်မှာမမိုအတွက်အလှုဒါနပြုလို အမျှပေးဝေ ခဲ့ပါပြီနော် ကောင်းရာဘုံဘဝမှာအေးချမ်းပါစေ ချစ်ရတဲ့မမိုရေး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။ကော်နီကတော့ ညီအစ်မရင်းတွေကို သံယောဇဉ်တွေ တည်ဆောက်ခဲ့ဖူးတဲ့ အစ်မ စိမ်းမိုမိုအတွက် ဝမ်းနည်း ကြေကွဲနေရပြီး နောက်ဆုံးခရီးကိုလည်း လိုက်ပါ ပိုဆောင်ခြင်းမပြုနိုင်တဲ့အတွက်လည်း စိတ်မကောင်း ဖြစ်နေရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် သူမရောက်ရှိ နေတဲ့နေရာကနေ အစ်မစိမ်းမိုမိုအတွက် အလှူအတန်း တွေပြုပေးပြီး အမျှဝေပေးခဲ့တယ်လို ပြောလာတာပဲ ဖြစ်ပါတယ်။

Credit

ပရိသတ္ႀကီးေရ.. ႏိုင္ငံေက်ာ္ စတူဒီယိုေတးသံရွင္ စိမ္းမိုမိုကေတာ့ ၿပီးခဲ့တဲ့ ဇြန္လ (၂၃) ရက္ေန႔ကပဲ ကင္ဆာေရာဂါနဲ႔ ဘဝတစ္ပါးကို ကူးေျပာင္းကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ စိမ္းမိုမို ကြယ္လြန္ျခင္းဟာ ဂီတအႏုပညာေလာကအတြက္ ဆုံးရႈးမႈႀကီးတစ္ခုျဖစ္ၿပီး အႏုပညာေလာကသားေတြက လည္း ႏွေျမာတသျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ စိမ္းမိုမိုနဲ႔ နီးနီးကပ္ကပ္ရွိဖူးသူျဖစ္တဲ့ အဆိုေတာ္ ေကာ္နီကလည္း အစ္မႀကီးစိမ္းမိုမိုအတြက္ အရမ္းစိတ္မေကာင္းျဖစ္ရေၾကာင္း သူမရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ေကာ္နီက “ဘဝမွာသိပ္ခ်စ္ခဲ့ရတဲ့အစ္မတေယာက္ပါ။အႏုပညာေလာကထဲမွာခရီးေတြအတူထြက္ခဲ့ၾကသလို ပြဲေတြအတူဆိုခဲ့ၾကတာေနာ္။ အစ္မ မရွိသူမို မမိုကို အစ္မတေယာက္လိုတြယ္ကပ္ခဲ့ဘူးသလို မမိုရဲ႕ေနထိုင္ပုံ အိေျႏၵႀကီးမႈစည္းကမ္းရွိမႈေတြကိုအမ်ားႀကီးအတုယူခဲ့ရ သူပါ။ အပ်ိဳႀကီးဘဝနဲ႔အတူျဖတ္သန္းၾကမယ္ဆိုၿပီး အေၾကာင္းအက်ိဳးေတြေၾကာင့္ မမို အိမ္ေထာင္ျပဳေတာ့ လည္း စေနာက္ရီေမာေနရင္းနဲ႔ငိုခဲ့ရေသးတာေနာ္။ ကြၽန္ ေတာ့္ရဲ႕ေမြးေန႔တိုင္းမွာေမြးေန႔လက္ေဆာင္ကို

ဘယ္ေတာ့မွမေမ့ခဲ့ဘူးေနာ္။ ဝတ္ဝံအ႐ုပ္ေလးေတြကို သိပ္ခ်စ္တဲ့မမိုေရ.. ဘယ္သူ႔ကိုမွအပူမေပးဘဲ ေအးခ်မ္း စြာ ဘဝကိုေက်ာ္ျဖတ္ေနတတ္သူမို ကိုယ့္အမေဆး႐ုံ တက္တဲ့ေနာက္ဆုံးအခ်ိန္ေလးေတြကို မသိခဲ့လိုက္ရဘူး မမိုရယ္.. ပြဲေတြမရွိေတာ့လည္းမဆုံျဖစ္ၾကေတာ့ မသိ ၾကတာလည္းပါတာေပါ့ေလ။ မေန႔ကခရီးလမ္းမွာ သတင္းၾကားမိေပမယ့္ လိုင္းေပၚတက္မၾကည့္ရဲခဲ့ပါဘူးလမ္းမွာမိုး႐ြာေနလို မိုးမိုးမိုး တိုႏွစ္ေယာက္ခ်စ္တဲ့မိုး လိုေတာင္ ညည္းမိေနေသးတာပါကိုယ့္အမရယ္.. မနက္ျဖန္မမိုရဲ႕ေနာက္ဆုံးခရီးတဲ့လား= ခရီးေရာက္ေန လို ႏႈတ္မဆက္ျဖစ္ေတာ့ဘူးေနာ္.. မမိုေရ *

မနက္က ေ႐ႊသိမ္ေတာ္မွာမမိုအတြက္အလႈဒါနျပဳလို အမွ်ေပးေဝ ခဲ့ပါၿပီေနာ္ ေကာင္းရာဘုံဘဝမွာေအးခ်မ္းပါေစ ခ်စ္ရတဲ့မမိုေရး” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။ေကာ္နီကေတာ့ ညီအစ္မရင္းေတြကို သံေယာဇဥ္ေတြ တည္ေဆာက္ခဲ့ဖူးတဲ့ အစ္မ စိမ္းမိုမိုအတြက္ ဝမ္းနည္း ေၾကကြဲေနရၿပီး ေနာက္ဆုံးခရီးကိုလည္း လိုက္ပါ ပိုေဆာင္ျခင္းမျပဳႏိုင္တဲ့အတြက္လည္း စိတ္မေကာင္း ျဖစ္ေနရတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ သူမေရာက္ရွိ ေနတဲ့ေနရာကေန အစ္မစိမ္းမိုမိုအတြက္ အလႉအတန္း ေတြျပဳေပးၿပီး အမွ်ေဝေပးခဲ့တယ္လို ေျပာလာတာပဲ ျဖစ္ပါတယ္။

Credit