ငွေတန်ဖိုးကိုအရင်ကနားမလည်ခဲ့လို့ ခုချိန်မှာအရာအားလုံး တစ်ကပြန်စနေရကြောင်းရင်ဖွင့်လာတဲ့ မင်းသားချော အလင်းရောင်

ငွေတန်ဖိုးကိုအရင်ကနားမလည်ခဲ့လို့ ခုချိန်မှာအရာအားလုံး တစ်ကပြန်စနေရကြောင်းရင်ဖွင့်လာတဲ့ မင်းသားချော အလင်းရောင်

အလင်းရောင်ဟာ မော်ဒယ်လ် သရုပ်ဆောင် မင်းစားတစ်ယောက်ဖြစ် ပီး First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကနေစပြီး ခေါင်းဆောင်မ င်းသား တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေ အားပေးမှုအများကြီးရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ အလင်းရောင်ဟာ ချာမောတဲ့ ရုပ်ရည်နဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အလင်းရောင်က မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးအချစ်ပိုမှုကို တစ်ခဲနက်ရရှိခဲ့တာဖြစ် ပါတယ်။ အလင်းရောင်ဟာ အခုတစ်ခါမှာတော့ အလုပ်အကိုင်တွေအ ဆင်ပြေနေတဲ့အချိန် ငွေတွေကို လက်လွတ်စပယ်သုံးခဲ့မိတာကြောင့် အရာအားလုံးအစကနေပြန်စနေရသလိုဖြစ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။

အလင်းရောင်က အရာအားလုံးက အသစ်ကနေပြန်စနေရသလိုဖြစ်သွားတယ်။ အခုဟာ က မိသားစုကို အရင်ကလိုမျိုး ပြန်လည်ထောက်ပံ့နိုင်အောင် ကိုယ့်ကိုကိုယ်ပြန်လည်ထူထောင်နေတာပေါ့နော်။ အခုတော့ အနုပညာ အလုပ်တွေလဲ ပြန်လုပ်နေပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာကနဲနဲလေး အား တက်လာတာပေါ့။ အရှေ့ပိုင်းမှာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျိုး ကပြီးတော့ သူငယ်ချင်းတွေရဲ့ အကူအညီတွေ အားပေးဝန်းရံမှုတွေ မိသားစုရဲ့ အားပေးဝန်းရံမှုတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတည်ဆောက်ရ တာပေါ့နော် ငါသန်မာမှဖြစ်မယ်ဆိုပြီးတော့။

ကိုယ့်ကိုယ်ကိုပြန်ပြီးသုံး သပ်ကြည့်တော့ အနုပညာအလုပ်တွေစလုပ်တဲ့အချိန်မှာ ငွေလေးနဲနဲစု မိဆောင်းမိဖြစ်တဲ့ အချိန်မှာ ဝယ်စရာရှိတာလဲဝယ်တယ် ထောက်ပံ့စရာရှိတာလဲထောက်ပံ့ တယ်။ ဒါပေမယ့် တခြားရတဲ့ငွေတွေကို ခရီးတွေသွားဖြစ်ပြီး ငွေဝင် နတဲ့အချိန်မှာ လက်လွတ်စပယ်သုံးခဲ့မိတယ်။ ဒါပေမယ့် နောင်တရ လားဆိုရင်တော့ ငယ်ဘဝမှာ ဒီလိုမျိုးကောင်းကောင်းမွန်မွန်နေခဲ့ရတ ယ်ဆိုတာတော့ နောင်တမရဘူး။

ဒါပေမယ့် အသက်အပိုင်းအခြားတစ် ခုလဲရောက်လာပြီဆိုတဲ့ အချိန်မှာ တွေးတောဆင်ခြင်ပုံတွေတော့ ကွာ သွားတာပေါ့နော်။ အခုဖြစ်ချင်တဲ့ပုံစံက လိုအပ်တာပဲသုံးမယ် ပိုပြီးစုမယ် မိသားစုကိုပိုပြီးတော့ ထောက်ပံ့ချင် လာတယ် ကူညီပေးချင်လာတယ်ပေါ့နော် ဆိုပြီး ရင်ဖွင့်ခဲ့တာဖြစ်ပါတ ယ်။ အလင်းရောင်ဟာ လူငယ်ပီပီ ငယ်ဘဝငွေရွှင်နေချိန်မှာ ငွေတွေကို လက်လွတ်စပယ်သုံးခဲ့ပြီး အခုဆိုရင် အရာအားလုံးကို အစကပြန် စကာ မိသားစုကိုလဲ အရင်ကထက်ပိုထောက်ပံ့နိုင်အောင် ပြန်ကြိုး စားနေပြီဆိုတာ ပရိသတ်တွေလဲ သိကြပြီထင်ပါတယ်နော်။

အလင်း ရာင်ဟာ အနုပညာအလုပ်တွေကိုလဲ အပိုအလိုမရှိ ဂရုတစိုက်လုပ်တ တ်တသလို အခုအသက်အရွယ်အပိုင်းအခြားတစ်ခုရောက်လာတော့ ငွေကိုချင့်ချိန်သုံးဖို ကြိုးစားနေတယ်ဆိုတဲ့စိတ်ဓာတ်လေးဟာ အတုယူစ ရာကောင်းတာပဲဖြစ်ပါ တယ်။

Credit







Credit