ငယ်စဉ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့ အဆိုတော်တစ်ဦးနဲ့ သီချင်းသစ်ထွက်ရှိတော့မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်တဲ့ Ah Boy

အဆိုတော် Ah Boy ကတော့ Rap သီချင်းတွေကို သီဆိုတဲ့ တေးသံရှင် တစ်ယောက်ပါပဲ။ ဂီတအနုပညာကိုဝါသနာပါသူဆိုပေ မယ့် စီးပွားရေးအလုပ်တွေကိုလည်း ဦးဆောင်လုပ်ကိုင် နေရတဲ့ Ah Boy ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ် တွေကို အများကြီးအချိန်မပေးလုပ်ကိုင်ဖြစ်ခဲ့တာပဲ ဖြစ် ပါတယ်။ ဒီကနေ့မှာတော့ Ah Boy က သူ့ရဲ့ သီချင်းသစ် လေးတစ်ပုဒ်ကို မကြာခင် တင်ပေးတော့မယ့် အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

Ah Boy က “ဘာသီချင်းမှ မထွက်ဖြစ်တာ ၃ နှစ်ကျော် တောင်ရှိလာပြီဆိုတော့… မကြာခင် သီချင်းအသစ် လေး တစ်ပုဒ်ကို ကျနော်တို မိသားစုလေးအား အစဉ်တစိုက် ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်များ အတွက် လက်ဆောင်ပေးချင်ပါတယ်။ • ” ဆိုပြီး သူငယ်ငယ်ကတည်းက အရမ်းအားကျပြီး အားပေး သော အမိုက်စားသီချင်းတွေများစွာလည်းရေးတယ်။ အကြိုက်ဆုံး အဆိုတော်တွေထဲက တစ်ယောက်နဲ့ သီချင်းထွက်ရှိမယ့်အကြောင်းကို ပြောလာပါတယ်။

Ah Boy ကတော့ ချမ်းမြေ့မောင်ချိုနဲ့ “အငွေ့အသက် များ” ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့ပြီးနောက် ဘာ သီချင်းမှမထွက်ရှိဖြစ်တော့ပဲ နားနေခဲ့တာ သုံးနှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ် ကြီးကလည်း Ah Boy ရဲ့ မကြာခင်ထွက်ရှိမယ့် သီချင်း | သစ်လေးကို စောင့်မျှော်နားဆင်ကြပါဦးနော်။

Credit




Credit