ဂန္တဝင်တေးသံရှင်ကြီး စိမ်းမို့မို့ ဒီကနေ့ ဇွန်လ( ၂၃) ရက်နေ့ Green Cross ဆေးရုံမှာကွယ်လွန်

ပရိတ်သတ်ကြီးရေ….“မျက်ဝန်းစကား” ၊ “စတော်ဘယ်ရီချစ်သည်းရှင်” တေးသီချင်းနဲ့ တစ်ခေတ်တစ်ခါက ပရိသတ်ကို ဖမ်းစားခဲ့တဲ့ ဂန္တဝင်အဆိုတော် စိမ်းမို့မို့ဟာ ကင်ဆာ‌ရောဂါနဲ့ ရန်ကုန်မြို့ရှိ Green Cross ဆေးရုံမှာ ဒီနေ့ ကွယ်လွန်ခဲ့ပါတယ်။

“ချစ်ခင်လေးစားရပါသော အန်တီမို (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်။ ဆုံးမစကားတွေလည်းနားထောင်ခဲ့ဖူးတယ်။ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ အားကျခဲ့ရပါတယ်။ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသို့ရောက်ရှိပါစေ”လို့ အဆိုတော် ယုဇနက ပရိသတ်သိအောင် ပြောလာပါတယ်။

သူမ‌ဟာ ကင်ဆာဝေဒနာခံစားနေရတာကြာပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ အလှကမ္ဘာမြေဝယ် ၊ အပြုံးကိုအပြီးငှားခဲ့ ၊ ကြာကြာကြာစတဲ့ တေးသီချင်းတွေကလည်း အောင်မြင်ခဲ့ပါတယ်။“ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတစ်ပါးပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သေခြင်းတရားကိုဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့မမို့ ကောင်းမွန်သောဘုံဘဝကိုရောက်ရှိပါစေ…🙏”လို့လည်း အဆိုတော်ချောစုခင်က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

Credit

ပရိတ္သတ္ႀကီးေရ….“မ်က္ဝန္းစကား” ၊ “စေတာ္ဘယ္ရီခ်စ္သည္းရွင္” ေတးသီခ်င္းနဲ႔ တစ္ေခတ္တစ္ခါက ပရိသတ္ကို ဖမ္းစားခဲ့တဲ့ ဂႏၲဝင္အဆိုေတာ္ စိမ္းမို႔မို႔ဟာ ကင္ဆာ‌ေရာဂါနဲ႔ ရန္ကုန္ၿမိဳ႕ရွိ Green Cross ေဆး႐ုံမွာ ဒီေန႔ ကြယ္လြန္ခဲ့ပါတယ္။

“ခ်စ္ခင္ေလးစားရပါေသာ အန္တီမို (စိမ္းမို႔မို႔) ဆုံးပါးသြားတဲ့အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္။ သီခ်င္းေတြအတူဆိုခဲ့ၾကဖူးတယ္။ ဆုံးမစကားေတြလည္းနားေထာင္ခဲ့ဖူးတယ္။ အန္တီမို႔ သီခ်င္းဆိုလိုက္တိုင္း အသံအားေကာင္းေကာင္းနဲ႔ နားေထာင္ေကာင္းလြန္းလို႔ အားက်ခဲ့ရပါတယ္။ အၿမဲအၿပဳံးခ်ိဳခ်ိဳေလးနဲ႔ စိတ္သေဘာလွတဲ့အန္တီမို႔ ေအးခ်မ္းတဲ့ဘုံဘဝသို႔ေရာက္ရွိပါေစ”လို႔ အဆိုေတာ္ ယုဇနက ပရိသတ္သိေအာင္ ေျပာလာပါတယ္။

သူမ‌ဟာ ကင္ဆာေဝဒနာခံစားေနရတာၾကာၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အလွကမာၻေျမဝယ္ ၊ အၿပဳံးကိုအၿပီးငွားခဲ့ ၊ ၾကာၾကာၾကာစတဲ့ ေတးသီခ်င္းေတြကလည္း ေအာင္ျမင္ခဲ့ပါတယ္။“ခ်စ္ခင္ေလးစား ႀကိဳက္ႏွစ္သက္ခဲ့ရေသာ မမို႔ (စိမ္းမို႔မို႔) ဘဝတစ္ပါးေျပာင္းေ႐ႊ႕သြားေသာေၾကာင့္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္။ ေသျခင္းတရားကိုဘယ္သူမွ မလြန္ဆန္ႏိုင္ၾကေတာ့ အၿမဲၿပဳံးေနတတ္တဲ့မမို႔ ေကာင္းမြန္ေသာဘုံဘဝကိုေရာက္ရွိပါေစ…🙏”လို႔လည္း အဆိုေတာ္ေခ်ာစုခင္က ဆုမြန္ေကာင္း ေတာင္းေပးထားပါတယ္။

Credit