ချစ်သူရဲရင့်အောင်နဲ့ လမ်းခွဲလိုက်တဲ့အပေါ် သူမကိုသိက္ခာကျအောင်ပြောဆိုနေသူတွေကို ပြန်လည်တုံပြန်လိုက်တဲ့ ဧငြိမ်းဖြူ

ချစ်သူရဲရင့်အောင်နဲ့ လမ်းခွဲလိုက်တဲ့အပေါ် သူမကိုသိက္ခာကျအောင်ပြောဆိုနေသူတွေကို ပြန်လည်တုံပြန်လိုက်တဲ့ ဧငြိမ်းဖြူ

ပရိသတ်ကြီးရေ.. မော်ဒယ်လ်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ ကတော့ နိုင်ငံခြားသူလေးတစ် ယောက်လို လှပပြီး စတိုင်လ်ကျတာမို ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါ တယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေ စိတ်ဝင်စားခြင်းခံထားရတဲ့ ဧငြိမ်းဖြူဟာ ဒီကနေ့မှာ တော့ သူမရဲ့ချစ်သူဟောင်း ရဲရင့်အောင်ဖြေထားတဲ့ အင်တာဗျူးဗီဒီယိုနဲ့ပတ်သက်ပြီး သူမရဲ့ ဂုဏ်သိက္ခာ ထိပါးအောင် ပြောဆိုနေသူတွေကြောင့် အဆင်မပြေဘူး ဆိုတဲ့အကြောင်းကို ပြောဆိုပါ တယ်။

ဧငြိမ်းဖြူက “ဘာဆိုဘာမှကိုမပြောချင် မသိစေချင်လို နှစ်ယောက်လုံး ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးလေးနေနေ ကြတာပါနော်။ အကြောင်းအရင်း စုံ ဘာမှမသိပဲ A ကို ဂုဏ်သိက္ခာထိပါးလာအောင်ထည့်ပြောတာတော့ A အဆင်မပြေလို ပြောရခြင်းပါရှင်။ သူပြောခဲ့တဲ့ ဘဝ အခြေအနေဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်က သူ ရင်ဆိုင်ခဲ့ရတာကို ပြောတာပါနော်။ အဲ့အခြေအနေတုန်း က အနားမှာ A ဘယ်လောက်ထိဖေးမပြီး ဘယ်လိုရှိနေ A ပေးခဲ့တာ သူရော A ရော ပတ်ဝန်းကျင်ကသူတွေ အသိ ဆုံးပါ။ အခုလက် ရှိ သူ့ဘဝလေးက ပြန်အဆင်ပြေနေပါ ပြီနော်။ သူရော A ရော နှစ်ယောက်လုံး သဘောတူ လမ်းခွဲခဲ့တာလည်းကြာပါပြီ။ နှစ်ယောက်လုံး ကိုယ့်ဘဝ နဲ့ကိုယ်အဆင်ပြေနေတာမို စိတ်မပူကြပါနဲ့နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် Story မှာ ရေးသားခဲ့တာဖြစ်ပါ တယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေး ကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရှိကြပြီး ပြီးခဲ့တဲ့လ ပိုင်းက အင်တာဗျူးတွေမှာ နှစ်ယောက်အဆင်ပြေနေပြီ ဆိုပြီး ဖြေကြားခဲ့ပေမယ့် အခုလက်ရှိမှာတော့ နှစ်ဦး သဘောတူလမ်းခွဲပြီး ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်နေပြီလို ပြောလာတာပဲဖြစ်ပါတယ်။

Credit





Credit