ခင်ပွန်းဖြစ်သူ နေမျိုးအောင်ရဲ့ ရှုတင်မှာ ဝေယျာဝစ္စအရပ်ရပ်ကို အောက်ခြေသိမ်းလိုက်လုပ်ပေးရင်း ဇနီးတစ်ယောက်ရဲ့တာဝန်ကျေပွန်ပေးနေတဲ့ အာဗြဲစိန်

ခင်ပွန်းဖြစ်သူ နေမျိုးအောင်ရဲ့ ရှုတင်မှာ ဝေယျာဝစ္စအရပ်ရပ်ကို အောက်ခြေသိမ်းလိုက်လုပ်ပေးရင်း ဇနီးတစ်ယောက်ရဲ့တာဝန်ကျေပွန်ပေးနေတဲ့ အာဗြဲစိန်

မင်္ဂလာပါပရိသတ်ကြီးရေ… ဝါရင့်သရုပ်ဆောင်မင်းသား နေမျိုး အောင်ကတော့ အနုပညာနဲ့ ပတ်သက်ပြီး အောင်မြင်မှု ရရှိထားသလို သာယာတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့ ဇနီး အာဗြဲစိန်လိုခေါ်တဲ့ မသန္တာကလည်း တချိန်က သရုပ်ဆောင်မင်းသမီးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့ပဲ ဇာတ်ကားတွေ ကို ရိုက်ကူးနေတာပဲဖြစ်ပါ တယ်။

ဒီကနေ့မှာတော့ မင်းသား နေမျိုးအောင်ရဲ့ ဇနီး အာဗြဲစိန်က သူမ တို ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကို ပြသလာပါတယ်။ နေ မျိုးအောင်က အနုပညာလှုပ်ရှားမှုတွေပြန်လည်လုပ်ကိုင် ရတဲ့အခါမှာ သူ့ရဲ့ဇနီး အာဗြဲစိန်က မင်းသားရဲ့ မိန်းမ အနေနဲ့ နေမျိုးအောင်လိုအပ်သမျှကို ကူညီလုပ်ဆောင် ပေးနေကြောင်း “ယူတိုရဲ့ဗြဲဗြဲသနားစရာလေးပါ … သ (နေရာတစ်နေရာထာဝရတည်မြဲမနေပါဘူး အလှည့်အ ပြောင်းဆိုတာရှိတယ် နေတက်ရင်အားလုံးဟာကျေနပ် စရာကြီးပါပဲ ) ချစ်ရတဲ့ ABS” ဆိုပြီး မျှဝေလာပါတယ်။

အာဗြဲစိန်ကတော့ မင်းသားတစ်ယောက်ရဲ့ ဇနီးသည် အဖြစ် အောက်ခြေသိမ်းအလုပ်တွေအားလုံးကို တာဝန်ကျေပွန်သလို နေမျိုးအောင်ကလည်း အလုပ် တွေမရှိတဲ့အခါ နေအိမ်မှာ မိန်းမရဲ့ အလုပ်တွေကို ကူညီ လုပ်ဆောင်ပေးရင်း နားလည်မှုရှိတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါ တယ်။

Credit:





Credit: