အရင်တုန်းက အင်းယားကန်ဘောင်မှာ မင်သားနဲ့ကျောင်းသား သူငယ်ချင်းဖြစ်ခဲ့ပေမယ့် ခုချိန်မှာ အဖေခန်း ကျောင်းဆရာခန်းရောက်သွားပြီဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ဇင်မျိး

အရင်တုန်းက အင်းယားကန်ဘောင်မှာ မင်သားနဲ့ကျောင်းသား သူငယ်ချင်းဖြစ်ခဲ့ပေမယ့် ခုချိန်မှာ အဖေခန်း ကျောင်းဆရာခန်းရောက်သွားပြီဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ဇင်မျိး

မင်္ဂလာပါပရိသတ်ကြီးရေ ဟာသဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာဇာတ်ပို့နေရာနေ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင် ဇင်မျိးပဲဖြစ်ပါတယ်နော်။ ကျောင်းသားဇာတ်ရုပ်နဲ့ ဇင်မျိး ဇာတ်ပို့ခဲ့တဲ့ ဇာတ်ကားများစွာမှာဆိုရင်လဲ နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ခဲ့ပါတယ်နော်။ အရင်တုန်းက မင်းသားနဲ့အတူ ကျောင်းသားနေရာက သရုပ်ဆောင်ခဲ့ရပေမယ့် အခုချိန်မှာတော့ အသက်အရွယ်ရလာတာကြောင့် လူကြီးပိုင်းဇာတ်ရုပ်နဲ့ ကျောင်းဆရာပိုင်းဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ဖြစ်တယ်ဆိုပြီး သရုပ်ဆောင်အလုပ်တွေမှာ အရင်နဲ့လက်ရှိ ကွာဟချက်တစ်ချိ့ကိုအခုလိုပဲ ပြောလာခဲ့တာဖြစ်ပါတယ်နော်။

အရင်တုန်းကကျောင်းသားခေတ်တုန်းကကျတော့ Facebook တို့ Media တို့က အရမ်းမရှိခဲ့ဘူး။ Media ဆိုကျွန်တော်တို့က စာပဲဖတ်ရတာများတယ် အခုကျတော့ Facebook ဖြစ်တဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရိုက်တဲ့ဟာလေးကလဲ ပရိသတ်ကတင်လိုက်တဲ့အခါမှာ အဓိပ္ပါယ်အမျိးမျိးနဲ့ပရိသတ်ကကြည့်ရင်းနဲပဲဖြစ်တာ။ခုနောက်ပိုင်းမှာ များသောအားဖြင့် အစ်ကိုဖြစ်ရင်ဖြစ် ဦးလေးဖြစ်ရင်ဖြစ် အဖေဖြစ်ရင်ဖြစ် တွဲရတဲ့မင်းသားကျတော့လဲ ကျွန်တော်တို့ထက်ငယ်သွားပြီပေါ့နော် နောက်ပြီး ကျွန်တော်ရဲ့ အရပ်အမောင်းကလဲ ပိုပြီးရှိတဲ့အခါကျတော့ မဖြစ်နိုင်တဲ့ကိစ္စတွေဖြစ်သွားပါတယ်။ အရင်တုန်းကဆိုကျွန်တော်တို့က ကိုသားကြီးနဲ့ နိုင်နိုင်းတို့လက်ထက်တို့မှာ ကျွန်တော်တို့က ကန်ဘောင်ကနေမရွေ့ရဘူး ရှုတင်စကတည်းက အင်းယားကန်ဘောင်မှာပဲရှိလာခဲ့တဲ့သူတွေလေ တစ်ချိ့ပရိသတ်တွေကျ ကျောင်းခန်းတွေမှာ စွဲတဲ့သူတွေရှိတယ် ဒါပေမယ့် အခုကတော့မရှိတော့ပါဘူး။ အခုကတော့ကျောင်းဆရာဖြစ်သွားပါပြီ။ သရုပ်ဆောင်ကတော့ ဘယ်နေရာပဲသရုပ်ဆောင်ရဆောင်ရ အဖေပဲဖြစ်ဖြစ် အဖိုးပဲဖြစ်ဖြစ်ပါ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာလေးကတော့ လူငယ်ပုံစံလေးပေါ့ ဒါကတော့ပြန်ပြီးတော့မလွယ်တဲ့ကိစ္စပေါ့နော်။

ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်ပါဘူး အို နာ ကိစ္စတွေကတော့ လူတိုင်းဖြစ်နေတာပေါ့ ။ ကိုယ်ရောက်ရှိနေတဲ့ အသက်အရွယ်မှာ ကိုယ်အကောင်းဆုံးသရုပ်ဆောင်ချင်ပါတယ် ။ ကျွန်တော်ပြောရမယ်ဆို ပရိသတ်ကအခုလိုမျိးအားပေးတဲ့အတွက်လဲ အများကြီး ကျေးဇူးတင်ပါတယ်။ ပရိသတ်မရိုးအီအောင်လို့နောက်ထပ် သရုပ်တွေဒီထက်ဒီထက်တော်အောင်လို့ အမြဲတမ်းကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်ခင်ဗျာ ဆိုပြီး အရင်တုန်းက အင်းယားကန်ဘောင်မှာ မင်းသားနဲ့ ကျောင်းသားသူငယ်ချင်းဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ အဖေခန်း ကျောင်းဆရာခန်းရောက်သွာခဲ့ပြီဆိုပြီး အရင်လို ကျောင်းသားကာရိုက်တာ ဇာတ်ရုပ်နေရာလေးတွေကို လွမ်းဆွတ်မိကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။



