အစီအစဉ်တင်ဆက်သူ ကိုစိုးကြီးရဲ့ တောင်းဆိုမှုကြောင့် ပရိသတ်တွေရှေ့မှာ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ

အစီအစဉ်တင်ဆက်သူ ကိုစိုးကြီးရဲ့ တောင်းဆိုမှုကြောင့် ပရိသတ်တွေရှေ့မှာ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ

ပရိသတ်ကြီးရေ… မင်းသားချော ဟိန်းဝေယံနဲ့ မင်းသမီးချော စိုးပြည့်သဇင်တိုဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေကို ရာနဲ့ချီ အတူတူတွဲဖက် သရုပ်ဆောင်ဖူးသလို အနုပညာအလုပ်တွေကိုလည်း အတွဲညီညီနဲ့ လုပ်ကိုင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေဖြစ်ပါ တယ်။ လိုက်ဖက်လွန်းတဲ့အတွက် ပရိသတ်တွေရဲ့ သဘောတူခြင်းခံရတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တိုဟာ အခုအချိန်ထိ နှစ်ယောက်သား ချစ်သူသမီးရည်းစား လည်းမထားရှိပဲ အစ်ကိုနဲ့ ညီမလို ဆက်ဆံရေး သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်လို ဆက်ဆံရေးကိုသာ တည်ဆောက်ထားတာပဲဖြစ်ပါ တယ်။

မနေ့က စက်တင်ဘာလ (၁၇) ရက်နေ့မှာတော့ စိုးပြည့် သဇင်နဲ့ ဟိန်းဝေယံတိုဟာ မိတ္ထီလာမြိုမှာ ကျင်းပ ပြုလုပ်တဲ့ စိန်နန်းတော်ရဲ့အထူးဈေးရောင်းပွဲတော်ကို တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ပွဲမှာ ဟိန်းဝေယံက အစီအစဉ်တင်ဆက်သူ ကိုစိုးကြီးရဲ့တောင်းဆိုမှုကြောင့် စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းတဲ့ အိုက်တင်မျိုး ပြုလုပ်ပြခဲ့ပြီး ပရိသတ်တွေကို သဘောကျစေခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါ တယ်။

ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တိုကတော့ စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းတဲ့ ချစ်သူသမီးရည်းစားပုံစံမျိုး သရုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် ပရိသတ်တွေကတော့ သူတိုနှစ်ယောက်ကို အမှန်တကယ်ပဲ ချစ်ကြိုက်စေချင် နေကြတာပဲဖြစ်ပါတယ်။ လည်း ဟိန်းဝေယံနဲ့ စိုးပြည့် တိုရဲ့ သရုပ်ဆောင်မှုကိုကြည့်ပြီး ကြည်နူးသွားကြမယ် ထင်ပါ တယ်နော်။

Credit





Credit