သူမနဲ့လမ်းမခွဲခင်ကတည်းက ဆွေဇင်ထက်ဆီမှာနောက်တစ်ယောက်ရှိနေခဲ့ကြောင်း ဖွင့်ပြောလိုက်တဲ့ ဂေဂေး

ပရိသတ်ကြီးရေ… အဆိုတော် ဂေဂေးဟာဆိုရင် “နင်သာရှိရင်” သီချင်းလေးနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် အထွေအထူးမိတ်ဆက်ပေးနေဖို လိုမယ်မထင်ပါဘူး နော်။ ဂေဂေးဟာ LGBT တစ်ယောက်ဖြစ်ပြီး Miss Universe Myanmar 2019 ဆုရှင် ဆွေဇင်ထက်နဲ့ ချစ်ကြိုက်ခဲ့ကာ သူမတိုရဲ့ချစ်သူသက်တမ်း (၄) နှစ်နဲ့ (၉) လကျော်မှာ လမ်းခွဲပြတ်ဆဲခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင် လမ်းခွဲခဲ့တာအတော်ကြာခဲ့ပြီဖြစ်ပေမယ့် ခံစားချက်တွေကတော့ရှိနေဆဲဖြစ်တဲ့ ဂေဂေးဟာ ဒီ ကနေ့မှာတော့ ဆွေဇင်ထက်နဲ့ သူမတိုရဲ့နောက်ဆုံး ပြဿနာအကြောင်းကို ရင်ဖွင့်လာခဲ့ပါ တယ်။

ဂေဂေးက “သူကတော့ သူ RS နဲ့သူ အဆင်ပြေနေပါပြီ ဆိုပြီး အင်တာဗျူးတိုင်းထည့်ဖြေဖြေနေတာ မြင်ရပါ များလာတော့ တစ်ခုတော့ပြောချင်သေးတယ်။ နင်ထည့် ဖြေဖို ကျန်နေတာလေးရှိသေးတယ်လေကွယ်။ သူ ကတော့ သူ့ RS နဲ့ အခုအဆင်ပြေနေပါပြီ။ ဒါပေမယ့် ကျွန်မကတော့ သူရှိတည်းက နောက် RS နဲ့ အရမ်းကို ချစ်ကြည်နူး တစ်တီတူးနေပါပြီဆိုတဲ့ အကြောင်းလေ နော်” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် Story မှာ ရေးသားလာခဲ့ တာပဲဖြစ် ပါတယ်။

ဆွေဇင်ထက်ကတော့ သူမနဲ့ ဂေဂေးတိုရဲ့ လမ်းခွဲမှုဟာသူမရဲ့အမှားကြောင့်ပါဆိုပြီး အင်တာဗျူးတွေမှာဖြေကြားထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ဂေဂေးနဲ့ ဆွေဇင်ထက်တိုကို အရင်လိုဆက်ဆံရေးမျိုး ပြန်ဖြစ်စေချင်ကြပေမယ့် ကာယကံရှင်တွေအတွက် ကတော့ မလွယ်ကူပါဘူ းနော်။

Credit




Credit