သူမကိုတင်မကပဲ သမီးကြီးမြမိုးဂင်္ဂါကိုပါ သွေးသားအရင်းအချာလိုချစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့မိသားစုဝင်တွေအကြောင်းပြောပြလာတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။ အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။

ချမ်းချမ်းကချမ်းချမ်းဟာ သူမခင်ပွန်းမျက်နှာတစ်ခုတည်းနဲ့ လူမျိးခြားတွေကြား ထဲမှာ နေထိုင်နေပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင် တွေက သူမအပေါ်ကိုသာမက သူမရဲ့ သမီးကြီး မြမိုး ဂင်္ဂါအပေါ်ကိုပါ ချစ်ပေးကြတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။တကယ်တော့ မေတ္တာစစ်အမှန်ဆိုတာ သွေးစိမ်းတာ သွေးရင်းတာ အဓိက မဟုတ်ပါဘူး။ လူစိတ်ရှိနေဖိုပါပဲ။ တခါတရံ သွေးရင်းထက် တစိမ်းက ပိုလူသားဆန်ပီး နားလည်ချစ် ပေးနိုင်တာမျိးတွေ့ရတော့လဲ မေတ္တာဆိုတာ လူမျိး ဘာသာမရွေးဘူးဆိုတာကလေးတွေတောင် လက်ခံ တတ်လာတယ်။

ဂင်္ဂါလေးကပြောတယ် …မေမေ ကံကောင်းတယ်တဲ့ ။ ဒီမိသားစုက မေမေ့ကိုလဲ ချစ်တဲ့ အပြင် သမီးကိုလဲ တအားချစ်ပြီး တကယ့် သွေးရင်းလို စောင့်ရှောက်ပေးတာမို သေတဲ့ အထိ ဒီမိသားစုနဲ့မခွဲပဲ တူတူနေချင်တယ်ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။ ချမ်းချမ်းကလည်း သမီးလေးဂင်္ဂါပြောလတဲ့အစကားအပေါ် ဒါပါပဲ မေတ္တာရှိရာ မေတ္တာ လာ ဆိုတာပေါ့လေ။ လက်ရှိဘဝဖြစ်တည်မှုကိုကျေနပ် တယ်။ လက်ခံတယ်။ အဆိုးပြီးရင် အကောင်းဆိုတာလာစမြဲပါပဲ မဟုတ်လား ” ဆိုပြီး ပြောလာပါတယ်။ချမ်းချမ်းကတော့ သွေးချင်းမနီးပေမယ့် မေတ္တာအပေါ် အခြေခံပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက် စောင့်ရှောက်ပေးတဲ့ မိသားစုတွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတို မိသားစု လေး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ အႏုပညာေလာကမွာ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္မႈေတြရရွိထားတဲ့ သူတစ္ေယာက္ျဖစ္ၿပီး ပရိသတ္အားေပးမႈကိုလည္း မ်ားစြာရရွိထားတဲ့သူျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခုၾကာ အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ခဲ့တဲ့ သူမက အခ်စ္သီခ်င္းေတြသာမကပဲ အေဆြးသီခ်င္းေတြကိုလည္းစိတ္ခံစားခ်က္အျပည့္နဲ႔ သီဆိုေလ့ရွိတဲ့သူတစ္ေယာက္ပါ။ အခုလိုေအာင္ျမင္မႈေတြရရွိခဲ့တဲ့ခ်မ္းခ်မ္းဟာ လက္ရွိမွာဆိုရင္ ခင္ပြန္းသည္ရွိရာအီတလီမွာသြားေရာက္ေနထိုင္ေနတာျဖစ္ပါတယ္။

ခ်မ္းခ်မ္းကခ်မ္းခ်မ္းဟာ သူမခင္ပြန္းမ်က္ႏွာတစ္ခုတည္းနဲ႔ လူမ်ိးျခားေတြၾကား ထဲမွာ ေနထိုင္ေနေပမယ့္ ခင္ပြန္းျဖစ္သူရဲ႕ မိသားစုဝင္ ေတြက သူမအေပၚကိုသာမက သူမရဲ႕ သမီးႀကီး ျမမိုး ဂဂၤါအေပၚကိုပါ ခ်စ္ေပးၾကတဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။တကယ္ေတာ့ ေမတၱာစစ္အမွန္ဆိုတာ ေသြးစိမ္းတာ ေသြးရင္းတာ အဓိက မဟုတ္ပါဘူး။ လူစိတ္ရွိေနဖိုပါပဲ။ တခါတရံ ေသြးရင္းထက္ တစိမ္းက ပိုလူသားဆန္ပီး နားလည္ခ်စ္ ေပးႏိုင္တာမ်ိးေတြ႕ရေတာ့လဲ ေမတၱာဆိုတာ လူမ်ိး ဘာသာမေ႐ြးဘူးဆိုတာကေလးေတြေတာင္ လက္ခံ တတ္လာတယ္။

ဂဂၤါေလးကေျပာတယ္ …ေမေမ ကံေကာင္းတယ္တဲ့ ။ ဒီမိသားစုက ေမေမ့ကိုလဲ ခ်စ္တဲ့ အျပင္ သမီးကိုလဲ တအားခ်စ္ၿပီး တကယ့္ ေသြးရင္းလို ေစာင့္ေရွာက္ေပးတာမို ေသတဲ့ အထိ ဒီမိသားစုနဲ႔မခြဲပဲ တူတူေနခ်င္တယ္ဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ ခ်မ္းခ်မ္းကလည္း သမီးေလးဂဂၤါေျပာလတဲ့အစကားအေပၚ ဒါပါပဲ ေမတၱာရွိရာ ေမတၱာ လာ ဆိုတာေပါ့ေလ။ လက္ရွိဘဝျဖစ္တည္မႈကိုေက်နပ္ တယ္။ လက္ခံတယ္။ အဆိုးၿပီးရင္ အေကာင္းဆိုတာလာစၿမဲပါပဲ မဟုတ္လား ” ဆိုၿပီး ေျပာလာပါတယ္။ခ်မ္းခ်မ္းကေတာ့ ေသြးခ်င္းမနီးေပမယ့္ ေမတၱာအေပၚ အေျခခံၿပီး တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္ ေစာင့္ေရွာက္ေပးတဲ့ မိသားစုေတြေၾကာင့္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ေနရတာပဲ ျဖစ္ပါတယ္။ ခ်မ္းခ်မ္းတို မိသားစု ေလး အခုလိုပဲ ထာဝရေပ်ာ္႐ႊင္ခ်မ္းေျမ့ပါေစလို ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit