သားငယ်လေးရဲ့မွေးနေ့အတွက် အဝေးကနေ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်
သားငယ်လေးရဲ့မွေးနေ့အတွက် အဝေးကနေ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်
မင်္ဂလာပါပရိသတ်ကြီးရေ ကိုပေါက်လို့ပြောလိုက်တာနဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ကနေပြီးတော့ ထူးချွန်တဲ့ ဒါရိုက်တာတစ်ယောက်ဆိုတာ ပြောပြစရာမ လိုလောက်အောင် ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ကိုပေါက်ကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းလေးတစ်ခုကို ဆုတောင်းပေးလာခဲ့ပါ တယ်။
မွေးနေ့ဆုတောင်းလေးကတော့ သူ့ရဲ့သားငယ်လေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပြီး “သားငယ်လေး အားဂဂျု ရေ။ သားသားမွေးနေ့ မှာ ပျော်ရွှင်ပြီး ရန်သူမျိုးငါးပါးရန်က ကင်းဝေးပါစေ။ သားသားတို့ညီအစ်ကိုနှစ်ယောက်ကို ပစ်ထားသလိုဖြစ်ပြီး သားသားတို့ရဲ့ပညာရေး ကျန်းမာရေးအနာဂတ်အရေးတွေကို အချိန်ပြည့် အနီးကပ် ပြုစုပျိုးထောင်ဖို့ ပျက်ကွက်ခဲ့တာတွေအတွက် ဖေဖေ့ကိုနားလည်ပေးပါ။
သားသားကိုချစ်တယ်။ သားသားဘဝမှာ ပျော်ရွှင်စရာတွေ နဲ့ ပြီးပြည့်စုံပါစေ သားရေ။” ဆိုပြီး မွေးနေ့ဆုတောင်းလေးနဲ့အတူ သားတွေအနားမရှိနိုင်တဲ့အတွက် တောင်းပန်ထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကိုပေါက်ရဲ့သားလေးရဲ့ မွေးနေ့အတွက် ပရိသတ်တွေလည်း မွေးနေ့ဆုတောင်းပေးခဲ့ပါဦးနော်။
Credit:
Credit: