လူေရွ႕မွာအရမ္းေတြခ်စ္ျပျပီး ေနာက္ကြယ္မွာေတာ့ မိန္းမခ်င္းမစာမနာ အတင္းေျပာတဲ့ မမတစ္ေယာက္ကို ဒဲ့ေျပာလိုက္တဲ့ ျမတ္သူသူ

လူေရွ႕မွာအရမ္းေတြခ်စ္ျပျပီး ေနာက္ကြယ္မွာေတာ့ မိန္းမခ်င္းမစာမနာ အတင္းေျပာတဲ့ မမတစ္ေယာက္ကို ဒဲ့ေျပာလိုက္တဲ့ ျမတ္သူသူ

ပရိသတ္ႀကီးေရ… သ႐ုပ္ေဆာင္ ျမတ္သူသူကေတာ့ ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္ အားေပးမႈကို ခံရတဲ့ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ဆယ္လီဘရစ္တီတစ္ေယာက္ဆိုေပမယ့္ ပုထုဇဥ္လူသားတစ္ေယာက္ပီပီ လူေတြရဲ႕ခ်ီးက်ဴးျခင္း လည္းခံရသလို ကဲ့ရဲ႕ျခင္းလည္းခံရတဲ့ ျမတ္သူသူဟာ ဒီ တစ္ခါမွာလည္း သူမကို ေရွ႕မွာခ်ိဳၿပီး ေနာက္ကြယ္မွာ အတင္းေျပာတဲ့ သူတစ္ေယာက္နဲ႔ ကိုယ္ေတြ႕ႀကဳံခဲ့ရ ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

ျမတ္သူသူက “ေၾကာက္စရာအေကာင္းဆုံးက အေရွ႕မတရားခ်စ္ျပၿပီးကြယ္ရာမွာဟားေနတဲ့သူေတြပဲမိန္းမခ်င္းစာနာစိတ္ဆိုတာ တကယ္သူတို႔မွာမရွိတာေနာ္။ တကယ္လည္းအံ့ဩမိတာ ကိုယ့္မဂၤလာေဆာင္ တကူးတကလာ ခ်င္လြန္းလို႔ အတင္းဖိတ္စာပို႔ခိုင္းခဲ့တဲ့အမႀကီးက ကိုယ့္ေနာက္ကြယ္က် သူပဲတအိမ္ထဲေနလိုသိေနသလို ကိုယ္ခ်င္းမစာေျပာထြက္ရက္လိုက္တာ ေတြ႕သမွ်သ႐ုပ္ေဆာင္ပိုစ့္ေအာက္ဆို ေရာလိုက္ ေခြၽစိုက္ အီလိုက္နဲ႔ ေနာက္ကြယ္မွာေျပာၿပီး စိတ္အတင္းတုတ္ အန္ခ်င္စရာေလးပါလား မမ ခ်ိဳအီေရာရယ္ . . . လူတိုင္းအတင္းတုတ္တတ္တာ လက္ခံလိုရပါေသးတယ္။မဟုတ္ပဲေပါက္ကရေလွ်ာက္ေျပာတာက်ေအာက္တန္းစားလိုေခၚတယ္ မမရဲ႕ Fri ျဖစ္ေနဆဲပဲမို႔ျမင္ရေအာင္တင္လိုက္ပါတယ္။ ရွက္တတ္ရင္ ခ်စ္ညီမေလးကို လာထပ္မေခၚပါနဲ႔။ ကိုယ့္အေၾကာင္းကိုယ္သိပါတခ်ိန္က ခ်စ္မမေရ” ဆိုၿပီး အမွတ္တရေျပာလာပါ တယ္။

ျမတ္သူသူကေတာ့ အေရွ႕မွာ အရမ္းခ်စ္ျပၿပီး ေနာက္ကြယ္မွာေတာ့ မိန္းမခ်င္းကိုယ္ခ်င္းမစာ အတင္းေျပာတဲ့သူတစ္ေယာက္နဲ႔ ကိုယ္ေတြ႕ႀကဳံခဲ့ရၿပီး အဆိုပါအမ်ိဳးသမီးကို ရွက္တက္ရင္ ေနာက္ထပ္မ ပတ္သက္ဖိုကိုလည္း ျပတ္ျပတ္သားသားေျပာလာတာပဲ ျဖစ္ပါ တယ္။

လူရှေ့မှာအရမ်းတွေချစ်ပြပြီး နောက်ကွယ်မှာတော့ မိန်းမချင်းမစာမနာ အတင်းပြောတဲ့ မမတစ်ယောက်ကို ဒဲ့ပြောလိုက်တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ… သရုပ်ဆောင် မြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် အားပေးမှုကို ခံရတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ဆယ်လီဘရစ်တီတစ်ယောက်ဆိုပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ပီပီ လူတွေရဲ့ချီးကျူးခြင်း လည်းခံရသလို ကဲ့ရဲ့ခြင်းလည်းခံရတဲ့ မြတ်သူသူဟာ ဒီ တစ်ခါမှာလည်း သူမကို ရှေ့မှာချိုပြီး နောက်ကွယ်မှာ အတင်းပြောတဲ့ သူတစ်ယောက်နဲ့ ကိုယ်တွေ့ကြုံခဲ့ရ ကြောင်း အခုလိုပဲ ပြောလာပါတယ်။

မြတ်သူသူက “ကြောက်စရာအကောင်းဆုံးက အရှေ့မတရားချစ်ပြပြီးကွယ်ရာမှာဟားနေတဲ့သူတွေပဲမိန်းမချင်းစာနာစိတ်ဆိုတာ တကယ်သူတို့မှာမရှိတာနော်။ တကယ်လည်းအံ့ဩမိတာ ကိုယ့်မင်္ဂလာဆောင် တကူးတကလာ ချင်လွန်းလို့ အတင်းဖိတ်စာပို့ခိုင်းခဲ့တဲ့အမကြီးက ကိုယ့်နောက်ကွယ်ကျ သူပဲတအိမ်ထဲနေလိုသိနေသလို ကိုယ်ချင်းမစာပြောထွက်ရက်လိုက်တာ တွေ့သမျှသရုပ်ဆောင်ပိုစ့်အောက်ဆို ရောလိုက် ချွေစိုက် အီလိုက်နဲ့ နောက်ကွယ်မှာပြောပြီး စိတ်အတင်းတုတ် အန်ချင်စရာလေးပါလား မမ ချိုအီရောရယ် . . . လူတိုင်းအတင်းတုတ်တတ်တာ လက်ခံလိုရပါသေးတယ်။မဟုတ်ပဲပေါက်ကရလျှောက်ပြောတာကျအောက်တန်းစားလိုခေါ်တယ် မမရဲ့ Fri ဖြစ်နေဆဲပဲမို့မြင်ရအောင်တင်လိုက်ပါတယ်။ ရှက်တတ်ရင် ချစ်ညီမလေးကို လာထပ်မခေါ်ပါနဲ့။ ကိုယ့်အကြောင်းကိုယ်သိပါတချိန်က ချစ်မမရေ” ဆိုပြီး အမှတ်တရပြောလာပါ တယ်။

မြတ်သူသူကတော့ အရှေ့မှာ အရမ်းချစ်ပြပြီး နောက်ကွယ်မှာတော့ မိန်းမချင်းကိုယ်ချင်းမစာ အတင်းပြောတဲ့သူတစ်ယောက်နဲ့ ကိုယ်တွေ့ကြုံခဲ့ရပြီး အဆိုပါအမျိုးသမီးကို ရှက်တက်ရင် နောက်ထပ်မ ပတ်သက်ဖိုကိုလည်း ပြတ်ပြတ်သားသားပြောလာတာပဲ ဖြစ်ပါ တယ်။