




ရှမ်းရိုးရာဓလေ့နဲ့အညီ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့တဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်း

မင်္ဂလာပါပရိသတ်ကြီးရေ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးချော နန်းစန္ဒာလှထွန်းပဲဖြစ်ပါတယ်နော်။ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ သူမရဲ့ ဖူးစာရှင်ကို တွေ့ ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းဟာ သူမရဲ့ အနုပညာသက်တမ်းတလျှောက် အချစ်ရေးနဲ့ပတ်သက် ပြီး တိတ်ဆိတ်နေခဲ့ရာမှ သူမ အမှန်တကယ်လက်ထပ် မယ့်အချိန်ရောက်မှ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၁) ရက်နေ့မှာတော့ နန်းစန္ဒာလှ ထွန်းဟာ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ တောင်ကြီးမြိုမှာ မင်္ဂလာလက်မှတ်ရေးထိုး လက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ တောင်ကြီးမြိုဇာတိဖြစ်၏ နန်းစန္ဒာလှထွန်းဟာ သူမရဲ့ မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေရှေ့မှာ တင့်တယ် လှပစွာနဲ့ လက်ထပ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါ တယ်။

နန်းစန္ဒာလှထွန်းကတော့ သူမဝါသနာပါတဲ့ အနုပညာ အလုပ်တွေမှာလည်း တာဝန်ကျေခဲ့ပြီဖြစ်သလို သူမချစ် မြတ်နိုးတဲ့ချစ်သူနဲ့လည်း ဖူးစာဆုံလက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နန်းစန္ဒာကထွန်းတို ချစ်သူနှစ်ယောက် ထာဝရ ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို ဆုတောင်း ပေးလိုက်ပါတယ်နော်။