မင်္ဂလာသက်တမ်း(၂)လပြည့်တဲ့အချိန်ထိ သူမအပေါ်ကောင်းလွန်းတဲ့ ချစ်ခင်ပွန်းကိုချီးမွမ်းခန်းဖွင့်လာတဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ.. မင်းသမီးချော ပိုးကြာဖြူခင်ကတော့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ သရုပ်ဆောင်တစ် လက်ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ လတ်တလောမှာ တော့ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားပြီး ဗိုက်ထဲမှာလွယ် ဆောင်ထားတဲ့ ရင်သွေးလေးကို ဂရုစိုက် စောင့်ရှောက်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးသိပြီးသားအတိုင်း ပိုးကြာဖြူခင်ဟာ သူမနဲ့ဆုံတွေ့တာ (၄) လတည်းသာရှိသေးတဲ့သူနဲ့ မြန်မြန်ဆန် ဆန်လက်ထပ်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ရင်သွေးယူခဲ့တာ ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၁၁)ရက်နေ့ကတော့ ပိုး ကြာဖြူခင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၂) လပြည့်တဲ့နေ့လေးဖြစ်ပြီး ပိုးကြာဖြူခင်က သူမရဲ့ ခင်ပွန်းကို “မင်္ဂလာသက်တမ်း၂ လပြည့်ပြီ ” ဘယ်လို အကြောင်း ကိစ္စရှိရှိ မိန်းမ ဘက်ကပဲ အမြဲရပ်တည်ပေးခဲ့ တဲ့အတွက် ကျေးဇူးပါ ယောက်ကျားရေ …” ဆိုပြီး ပြောလာခဲ့ပါတယ်။

ပိုးကြာဖြူခင်ကတော့ မင်္ဂလာသက်တမ်း (၂) လပြည့်တဲ့ အထိ အမြဲတမ်းစိတ်ချမ်းသာနေရလို့ ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်းပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရမ်းကို အချစ်ခံရပြီး ကံကောင်းလွန်းတဲ့ ပိုးကြာဖြူခင်ကို အားကျနေကြမယ်ထင်ပါ တယ်နော်။

Credit;